Main Cast ~ ✌✌ Bangtan Boys
တနေ့သ၌ ဟိုတယ်တခု၏ နာမည်ကြီး စားဖိုမှူး Kim Seok Jin သည် Stars Company ၏ ၀န်ထမ်း ၆ ယောက် ကွင်းဆင်းလေ့လာရေး ခရီးထွက်ရာတွင် သူ့တို့အတွက် ချက်ရေးပြုတ်ရေး တာဝန်ယူပေးရသည့် စာဖိုမှူးအဖြစ် လုပ်ကိုင်ပေးရင်း သူတို့နှင့်အတူ ခရီးထွက်လျက်ရှိလေ၏ ။
ထိုဝန်ထမ်း ၆ ယောက် ဖြစ်သည့် Kim Namjoon, Min Yoongi, Jung Hoseok, Park Jimin, Kim Tae Hyung နှင့် Jeon Jungkook တို့မှာ ခရီးစဉ်အတွင်း Jin ချက်ကျွေးသမျှကို မြိန်ရေရှက်ရေ စားသောက်ကြရင်း သဘောအကျကြီး ကျနေကြလေ၏ ။
တနေ့တွင်တော့ သူတို့ ကွင်းဆင်းသွားကြသည့် တောစပ်တနေရာအရောက်တွင် မန်ကျီးပင်များ ပေါများစွာ ပေါက်ရောက်နေသောကြောင့် Jin က ထိုမန်ကျီးသီးစိမ်းများဖြင့် အရသာရှိရှိ ဟင်းတခွက် ချက်ရန် စိတ်ကူးရသွားလေသည်။
ထို့နောက် နေ့လည်ရောက်ချိန်တွင်တော့ ရွက်ဖျင်တဲထဲဝယ် Jin ကျွေးသည့် ဟင်းတွေဖြင့် ၆ ယောက်သား နေ့လည်စာ စားကြလေတော့သည်။
သူတို့အကြိုက်ဆုံးကတော့ မန်ကျီးသီးစိမ်းချက်ပင် ။ မန်ကျီးသီးစိမ်းတွေကို ညက်အောင် ထောင်းထားပြီး ငါးပိချက်သဖွယ် ခပ်စပ်စပ်လေး ချက်ထားပုံမှာ စားဖူးသမျှ တခြားအရသာတွေနှင့် ကွဲထွက်ခါ ချဉ်စပ်စပ်လေးမို့ ကောင်းမွန်လှ၍ အထူး ခံတွင်းတွေ့နေကြတော့သည်။
ထို့ကြောင့် စားသောက်ပြီးချိန်တွင် Jin အရမ်းတော်ကြောင်း ချီးကျူးရင်း Jin ကို ကျေးဇူးတင်စကား ပြောကြလေတော့၏ ။
ထိုအခါ Jin မှာ သူတို့ ပြောသမျှ ချီးကျူးစကားကို နားထောင်ရင်း ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ခပ်ပြုံးပြုံးနဲ့သာ ကြည်နူးနေ၏ ။ စကားပြန်တောင် မပြောနိုင်ရှာ ။
ထို့ကြောင့် သူ့ပုံစံမှာ အရင်ကနဲ့ မတူပဲ ထူးဆန်းနေသည်မို့ ၀ိုင်းမေးကြလေတော့မှ Jin ပြန်ပြောရှာလေသည့် စကားကြားပြီး အကုန်လုံးမှာ မျက်လုံးအပြူးသားနဲ့ စားထားသမျှ ပြန်အန်ထွက်ချင်စိတ်ပေါက်သွားကြလေသည်။
Jin ပြောလာသည်က
"ထောင်းဖို့ ငရုတ်ဆုံလဲ မပါတော့ မန်ကျီးသီးစိမ်းတွေ ညက်အောင် ဝါးရလွန်း၍ သွားတွေ ကျိန်းပြီး ပါးစပ်သိပ်မဟနိုင် ဖြစ်နေတာပါ" ဟူ၍ ။
YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။