80. ရောဂါဆန်း

1.6K 341 31
                                    

Main Cast ~ Bang Pa Pa and Kim Tae Hyung

တစ်နေ့တွင်တော့ အရွယ်အတန်အသင့်ရပြီးလေသည် အမျိုးသားတစ်ဦးဖြစ်သည့် Bang PaPa သည် Kim Tae Hyung ဆိုသည့် ချစ်စရာကောင်းပြီး သဘောကောင်းသော ဆရာဝန်လေးရှိရာ ဆေးခန်းသို့ လာပြလေ၏။

ထို့နောက် ဒေါက်တာနဲ့ တွေ့သည့်အခါမှာတော့ Bang PaPa က

"Uncle အခုတလော လေလည်လိုက်တိုင်း ဘာသံမှ မကြားရဘူး ၊ ဘာနံ့မှလည်း မရဘူး ဒေါက်တာလေးရယ်...။ အခု ဒေါက်တာရဲ့ဆေးခန်းမှာ ထိုင်စောင့်နေတုန်း အခါ ၂၀ လောက် လေလည်လိုက်တယ်....။ ဒါပေမဲ့ အသံလည်း မထွက်ဘူး..။ ဘာနံ့မှလည်း မရဘူး....။အဲဒါ ဘာများ ဖြစ်လဲ မသိဘူး ဒေါက်တာ...။

ဟော ပြောရင်းဆိုရင်း အခု လေလည်လိုက်ပြန်ပီ..။ ဘာသံမှ မကြား အနံ့လဲမရဘူး ဟုတ်တယ်မလား ဒေါက်တာလေး..."

ဟူ၍ Bang Pa Pa က သူ့အခြေအနေကို ဆရာဝန်လေး Kim Tae Hyung ကို ပြောပြလိုက်တော့

Tae Hyung လဲ ခေါင်းတငြိမ့်ငြိမ့်နဲ့သာ နားထောင်ပြီးနောက် ကျန်တာ ဘာမှ အထွေအထူး မပြောဘဲ သောက်ဆေးအနည်းငယ်ကိုသာ ပေးလိုက်လေသည်..။

နောက်နေ့မှာတော့ Bang Pa Pa က ဆေးခန်းသို့ ပြန်ရောက်လာပြီး

"ဒေါက်တာ Uncle ကို ဘာဆေးတွေ ပေးလိုက်လဲမသိဘူး.... ခု Uncle လေလည်ရင် နံလိုက်တာ တအားပဲ..။ ဒါပေမဲ့ အသံတော့ မထွက်ဘူးကွ...။

ဟု ပြောလေရာ...ဒေါက်တာ Kim Tae Hyung က မချိပြုံးလေး ပြုံးပြီး ဤကဲ့သို့ ပြန်ပြောလိုက်လေ၏။

သူပြောတာကတော့ .....

"ကောင်းပါတယ်...အခု Uncle နှာစေးတာတော့ပျောက်သွားပီ...နားလေးနေတာကို ကုဖို့ပဲ ကျန်ပါတော့တယ်။...အာ့မှ ကျွန်တော်တို့ အခုခံစားသိရှိနေရတဲ့ Uncle ဆီကလာတဲ့ အနံ့ဆိုးရွားမှုနဲ့ ကျယ်လောင်လှတဲ့ အသံဒုက္ခပေးမှုတွေကို Uncle မကြာခင် ကိုယ်ချင်းစာနိုင်မှာပါ" ဟူ၍ ။

THE END

အနံ့နဲ့တဖုံ အသံနဲ့တဖုံ နှိပ်စက်သူကြီး Papa ခ်ခ်

အနံ့နဲ့တဖုံ အသံနဲ့တဖုံ နှိပ်စက်သူကြီး Papa ခ်ခ်

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.
BTS Make Me Smile [ Completed ]Tahanan ng mga kuwento. Tumuklas ngayon