67. မီးတော့လှုံချင်ကြတယ်

1.9K 383 45
                                    

Main Cast ~ Min Yoongi & Kim Tae Hyung







ဟူ၍....။

The End

😍😍😍😍

____________________________

ဘာ​လေးပါလိမ့်​ 😝😝😝😝


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Cuttiehsumindooly



တစ်ညတွင် အလုပ်တာဝန်ဖြင့် တောရွာတစ်ခုသို့ ကွင်းဆင်းလေ့လာရေးသွားရလေသည့် Min Yoongi နှင့် Kim Tae Hyung တို့သည် ရွာနှင့် မလှမ်းမကမ်းရှိ တောစပ်တစ်နေရာတွင် ရောက်နေကြလေ၏..။

ရာသီဥတုကလဲ ခိုက်ခိုက်တုန်အောင် ချမ်းလှသည်ဖြစ်ရာ လမ်းတွင် တွေ့လေသော သစ်တုံးကို ခွဲပြီး မီးဖိုကြရန် တိုင်ပင်ကြလေသည်....။

သို့ဖြင့် ပါလာသော လွှတိုလေးဖြင့် သစ်တုံးကို ဖြတ်ကာ မီးလှုံကြသည်...

ထိုအခါ ညအချိန်ဝယ် မီးတောက်ကို လှမ်းမြင်ကြသော အနီးအနားမှ ရွာသူရွာသားများသည် မီးလောင်သည်ထင်ပြီး အူယားဖားယားပြေးလာကြလေသည်...။

ပြေးလာသော ရွာသူရွာသားများကို မြင်ပြီး Yoongi မှာ "ကျစ်​" ဟု စုတ်​သပ်​တချက်​သပ်​လိုက်​ပြီး​နောက်​
TaeHyung ဘက်သို့ လှည့်ကာ ဤသို့ ပြောလိုက်လေ၏။

"တွေ့လား Tae ... လူ​တွေများ သစ်တုံးခွဲ ၊ မီးမွှေးဖို့ ကျတော့ ဘယ်သူမှ မလုပ်​ပေးချင်ကြဘူး ...ဟော မီးလှုံချင်တဲ့အခါကျတော့ အားလုံးပြေးလာလိုက်ကြတာများ...ဟင်း"

ဟူ၍....။

The End

Reader​လေး​တွေ​တော့မသိဘူး မမက​တော့
ဒီစာအုပ်​လေးထဲမှာ​လေ အ​ချေကိုယ်​တော်​ရဲ့
တကွက်​စာ ဟာသ​တော်​တော်​များများကို တကယ်​ကြွေတာပါ 😂😂😂 သူ့ character​လေးကို ချစ်​လို့
😍😍😍😍

____________________________

A/N ဒီ​အောက်​ကပုံ​လေးက​တော့ စာအုပ်​၀ယ်​တဲ့
က​လေး​တိုင်း​ကို​ပေးမဲ့ Gift​လေးပါ
ဘာ​လေးပါလိမ့်​😝😝😝😝


အားလုံးကို ချစ်​ခြင်းများစွာဖြင့်​

Cuttiehsumindooly

BTS Make Me Smile [ Completed ]Where stories live. Discover now