25. အသံတိတ်ချစ်ခြင်း

3.5K 844 157
                                    

Main Cast ~

✌✌ Min Yoongi & Park Jimin

တနေ့တွင် Min Yoongi နှင့် Park Jimin ကိစ္စအသေးအမွှားလေးမှ အစပြုပြီး အကြီးအကျယ် စကားများကာ တယောက်နဲ့ တယောက် စိတ်ဆိုး စိတ်ကောက်နေကြလေ၏ ။

ထို့နောက်တော့ တယောက်နဲ့ တယောက် စကားမပြောကြသည်မှာ ၂ရက် ၃ ရက်မှသည် တပတ်တောင် ပြည့်တော့မည်။

Yoongi မှာ နဂိုကထဲက အချေဟု နာမည်ကြီးသူမို့ ခပ်တည်တည် နဲ့ စကားမပြောဘဲ နေနိုင်သော်လည်း Jimin မှာမူ သူ့ချစ်လင်တော်မောင် တယောက် စိတ်ကောက်နေတာ ကြာပီမို့ မနေတတ်တော့ ။
စကားပြောစေချင်လှပြီ ။

အရင်လို နှစ်ယောက်သား ပွတ်သီးပွတ်သပ် ကလူကျီစယ်ရင်း ချစ်ခင်စွာ နေလိုလှပြီ ။

ထို့ကြောင့် စိတ်ကောက်နေတာကို ချော့ဖို့ကကျတော့လဲ Yoongi ကစကားတောင်မပြောတော့ ဘယ်ကစ ချော့လို့ ချော့ရမှန်း မသိတော့ ။

အဲ့သလိုနဲ့ Yoongi စကားပြောစေရန် မည်သို့ လုပ်ရမည်နည်း တွေးရင်း Jimin တယောက် အကြံရသွားသည်မှာ ဤကဲ့သို့ ။

ထမင်းစားခန်းရှိ ရေခဲသေတ္တာပေါ်တွင် Yoongi မြင်သာအောင် လက်ရေးကြီးကြီးဖြင့် စာရေးပြီး ကပ်ထားလေ၏ ။

အကြောင်းအရာမှာ

💌Hyung /

မနက်ဖြန် နံနက် ၇ နာရီကျ ကျွန်တော့်ကို နိုးပါ ။
ကျောင်းစောစောသွားရမှာမို့ ။

💓Jimin

ဟူ၍ ။

Jimin စိတ်ထဲတွင်တော့ သေချာပေါက် Yoongi သူ့ကို နှိုးတဲ့အခါ စကားလာပြောရတော့မည် ။ ထိုအချိန်မှာ Yoongi စိတ်ကောက်ပြေအောင် Ageyo များစွာ Popo များစွာ သုံးပြီး ချော့ရမည်ဟု ။

ဤသို့ဖြင့် နောက်နေ့ မနက် ၈ နာရီတွင် Jimin တယောက် နိုးလာလေ၏ ။ သို့ပေမဲ့ သူ့ကို Yoongi လာနှိုးခြင်းတော့ မဟုတ်ပေ ။

ထို့ကြောင့် Jimin အိပ်ရာကနေ ၀ုန်းကနဲ ထပြီး ဘာ့ကြောင့် လာမနိုးလဲ သိနိုင်ရန် Yoongi ကို လိုက်ရှာလေရာ Yoongiမှာ အလုပ်သွားပြီမို့ သူ့ ကိုတော့ မတွေ့ရတော့ပဲ ရေခဲသေတ္တာပေါ်ရှိ Jiminကပ်ထားတဲ့ စာအောက်မှာ နောက်ထပ် စာတစ်စောင်ကိုသာ တွေ့ရလေသည် ။

BTS Make Me Smile [ Completed ]Where stories live. Discover now