Main Cast ~ Min Yoongi & Park Jimin
တစ်ညနေခင်းမှာတော့ ချစ်သူဖြစ်ကာစ Min Yoongi နဲ့ Park Jimin တို့ စုံတွဲဟာ ဟန်မြစ်နဘေးက ခုံတန်းမှာ ထိုင်ရင်း လေညှင်းခံနေကြတယ်...။
ထိုအချိန်မှာပဲ Jimin ဟာ ရုတ်တရက် လေလည်ချင်လာတော့ သူ့ချစ်သူရှေ့မှာမို့ နည်းနည်းအနေကျပ်သွားတယ်....။
ဒါနဲ့ပဲ Jimin ဟာ အကြံထုတ်ပြီး
"တို့နှစ်ယောက် လက်ခုပ် အတူတူတီးကြည့်ရအောင်" ဟု တောင်းဆိုလိုက်တယ်..။
" တီးလေ" Yoongi ကလဲ ပြန်ပြောတယ်...။
"၃ ဆိုရင် တီးရမယ်နော်" ပြောရင်း Jimin ဟာ လက်ခုပ်သံ နဲ့ အီးပေါက်သံ တစ်ထပ်တည်းကျအောင် ကြိုးစားပေမဲ့ အီးပေါက်သံက စောသွားလို့
"၁ - ၂ - ၃ .... ဘူ..... ဖြောင်း"
ဆိုပြီး အသံကထွက်သွားတယ်..။
ဒါပေမဲ့ Jimin က မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်...။ တော်တော်ကြာတော့ Jimin ဟာ နောက်တခါ ထပ်ပြီး လေလည်ချင်လာပြန်ပါရော..။
ဒါ့ကြောင့်
"နောက်တစ်ခေါက်လောက် လက်ခုပ်တီးကြည့်ရအောင်" ဟု ထပ်မံတောင်းဆိုလိုက်တယ်..။
"တီးလေ" Yoongi ကလဲ ခွင့်ပြုရှာတယ်...။
ဒီတခါ တိုင်ပင်ကိုက်အောင် ကြိုးစားပေမဲ့ Jimin ဟာ နည်းနည်းနောက်ကျသွားလို့ မအောင်မြင်ပြန်ပါဘူး...။
"၁ - ၂ - ၃ .... ဖြောင်း .. ဘူ "
ဆိုပြီး ကျယ်ကျယ်လောင်လောင်ထွက်သွားတယ်....။
Jimin လဲ မသိချင်ယောင်ဆောင်ပြီး တခဏမျှတော့ တိတ်ဆိတ်သွားပေမဲ့ မလုံမလဲဖြစ်လာတာမို့ Yoongi ကို ဤသို့ မေးလိုက်လေတယ်...။
"ခုနက ဘာသံကြားလိုက်ရလဲ" ဟု။
ထိုအခါမှာ မှင်သေသေလေးလုပ်ကာဖြင့်
Yoongi ပြန်ဖြေတာကတော့"ဘယ်ဟာကို ပြောတာလဲ...
ဘူဖြောင်းလား ...ဖြောင်းဘူလား"ဟူ၍...။
The End
ခွီး ဒီဟာရေးရင်း ရယ်ရတာ ဗိုက်တောင်နာနေပီ Yoonmin ရေ.... 😂😂😂😂
ESTÁS LEYENDO
BTS Make Me Smile [ Completed ]
Historia Corta"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။