Main Character ~
✌️Kim Seok Jin
✌️Kim Namjoon
✌️Min Yoongi
✌️Jung HoseokSpecial Guest -✌️ Bang Pa Pa
တခါက ဆေးရုံတရုံမှာ အလွန်မေ့တတ်တဲ့ Kim Seok Jin ဆိုတဲ့ ဆရာဝန်လေးတယောက်ရှိသတဲ့။ ဒါပေမဲ့ ပညာကတော့ အလွန်တော်ဆိုပဲ။ ဒါ့ကြောင့်လဲ လူနာတွေက သူမေ့တတ်မှန်းသိသိရက်နဲ့ သူ့ရဲ့ ခွဲစိတ်မှုကိုပဲ လိုလားကြသတဲ့ ။
တရက်မှာတော့ ခွဲစိတ်ဆောင်ထဲကို အခုလေးတင်ခွဲစိတ်ပြီးတဲ့ လူနာကို သွင်းလာကြတယ် ။ သူကတော့ အူအတက်ပေါက်လို့ ဆေးရုံရောက်လာတဲ့ Bang PaPa ဆိုတဲ့ အမျိုးသားတစ်ယောက်ဖြစ်လေတယ် ။ ( ဒီ character နေရာထားလိုက် ရလို့ ဆောရီးပါနော် papa 😘😘😁)
လူနာကကောင်းကောင်း သတိရနေလေတော့ သူ့ကို သတင်းလာမေးကြတဲ့ မိတ်ဆွေတွေထဲမှ Kim Namjoon ဆိုတဲ့ လူငယ်လေးက PaPaကုတင်ဘေးမှာ ရပ်ပြီး စတင်လို့ စကားဖောင်ဖွဲ့လေတော့တယ်။
"papa က ခဏလေးနဲ့ ခွဲစိတ်တာအောင်မြင်ပြီး ပြန်ထွက်လာနိုင်တယ် ၊ အဲ့ဒါကြောင့် ပြောတာ Seok Jin ဆိုတဲ့ ဆရာဝန်လေးက အရမ်းတော်ပါတယ်လို့ ၊ ပီးတော့ချောလဲအရမ်းချောတယ်နော် ဟီး"
ပါးချိုင့်ကြီးတွေ ထင်ရှားစွာပေါ်သည်အထိ ပြုံးဖြီးပြီး ပြောနေတဲ့ Namjoon စကားကို
"ဟုတ်ပ Doctor က အရမ်းတော်ပေမဲ့ မေ့တတ်တာလေးတခုပဲ" ဟု Jhope ဆိုတဲ့ လူငယ်လေးက ၀င်ထောက်ကာ ပြောလိုက်သည် ။
ပြီးနောက် သူဆက်ပြောတာက
"ကျွန်တော့်အဘိုးတုန်းကဆို ခွဲစိပ်ခန်းက အခုလို အမြန်ပြန်မထွက်နိုင်ဘူး ၊ ဗိုက်ကိုချုပ်ပီးမှ ဗိုက်ထဲ ကက်ကြေးမေ့နေ့လို့ ဆိုတာနဲ့ တခါပြန်ခွဲရတယ်"
"ဟုတ်တယ် ငါ့အသိတယောက်တုန်းကလဲ အဲ့လိုပဲ " စကားဝိုင်းထဲ ၀င်လာသူက သူတို့လိုပဲ Bang Pa Pa ၏ မိတ်ဆွေဖစ်သည့် Min Yoongi ပင် ။
"သူ့ဗိုက်ထဲမှာ ညှပ်မေ့နေခဲ့လို့ တခါပြန်ခွဲရတယ်လေ ၊ အဲ့ဒါ Dr.Jin က သိလို့မဟုတ်ဘူး ၊ မေ့ဆေးပြယ်သွားတော့ လူနာက ဗိုက်အရမ်းအောင့်နေတယ် မခံနိုင်ဘူး ဆိုမှ အခြားဆရာဝန်တွေကလဲ Dr.Jin အကြောင်းသိနေကြတော့ ခွဲစိတ်ပစ္စည်းတွေ စစ်ဆေးကြည့်တာ ၊ အဲ့တော့မှ ညှပ်တခုလိုနေတာနဲ့ လူနာဆီကနေ ညှပ်ကို ပြန်ခွဲထုတ်ယူလိုက်ရတယ်" ဟု ပြောလေသည်။
ESTÁS LEYENDO
BTS Make Me Smile [ Completed ]
Historia Corta"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။