49. မှတ်ပလား

2.2K 610 87
                                    

Main Cast ~ Kim Namjoon

Kim Namjoon ဆိုတဲ့ ကောင်လေးဟာ...English လို ကျွမ်းကျင်စွာပြောနိုင်တာမို့ သူဝါသနာပါတဲ့ Tourist Guide တစ်ယောက်အဖြစ် ပျော်ရွှင်စွာ အလုပ်လုပ်လျက် ရှိလေ၏။

တစ်နေ့တွင်တော့

အမေရိကန်နိုင်ငံသား Tourist တစ်ယောက်ကို Korea တခွင် အလည်အပတ် လိုက်လံပြသပေးဖို့ အလုပ်ဖြစ်လာခဲ့လေသည်။

ထို့ကြောင့် ကားတစ်စီးဖြင့် နှစ်ယောက်သား အတူတူအလည်အပတ်သွားကြရင်း Namjoon တစ်ယောက် Tourist ကြီးသိလိုသည်များကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးလေ၏။

ထိုသို့ Seoul အနှံ့လျှောက်သွားရင်းမှ

အထပ်ပေါင်းမြောက်များစွာနဲ့ ဖိတ်ဖိတ်တုန်အောင် ကြီးကျယ်ခမ်းနားလှတဲ့ Hotel ကြီး တစ်ခုကို တွေ့တော့
Tourist ကြီးက အဲ့တာ ဘာ Hotel လဲ ဟု မေးလေသည်။

ထိုအခါ Namjoon ကလဲ ဂုဏ်ယူစွာဖြင့် Seoul ရဲ့ အကြီးဆုံးနဲ့ အဆင့်မြင့်ဆုံး ကြယ်ငါးပွင့်ရ Hotel ကြီးပါဟုဖြေလေ၏။

Namjoon အဖြေကြားတော့ Tourist ကြီးက ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ဆက်ကာမေးသည်က
" အဲ့အဆောက်အဦး ဆောက်တုန်းက ဘယ်လောက် ကြာလဲ " ဟူ၍။

"၆ လလောက် ကြာပါတယ် ခင်မျာ" Namjoon ကလဲ ရိုးသားစွာဖြေ၏။
ထိုအခါ Tourist ကြီးက
"အင်း တို့ဆီ မှာဆို ၃ လ နဲ့ အပြီး ဆောက်နိုင်တယ်" ဟု ကြွားလေသည်။

Tourist ရဲ့ ကြွားလုံးကို ကြားပီးနောက် Namjoon လဲ စိတ်ထဲဝယ် တမျိုးဖြစ်သွားလေ၏။

ဒီလိုနဲ့ နောက်တစ်နေရာကို ရောက်တော့

" အဲ့တာရော ဘာ အဆောက်အဦးလဲ" ဟု ၃၆ ထပ်ရှိသော မိုးမျှော်စင်ကြီးကို မေးပြန်လေ၏

ထိုအခါ Namjoon ကလဲ အခမ်းနားဆုံး မိုးမျှော်စင်ဖြစ်ကြောင်း အားတက်သရော ရှင်းပြ၏

ထိုအခိုက် ရှေ့နည်းတူစွာပင် Tourist ကြီးက
" ဆောက်တုန်းက ဘယ်လောက် ကြာလဲ " ဟု မေးပြန်လေ၏ ။

" ၃ လ ကြာပါတယ် " ဟု Namjoon ဖြေလိုက်တော့

"ဒီမျှော်စင်လောက် ကတော့ တို့ ဆီမှာဆို ၁ လ လောက်ပဲ ကြာတယ် " ဟု Tourist ကြီးက ကြွားလေ၏

BTS Make Me Smile [ Completed ]Tahanan ng mga kuwento. Tumuklas ngayon