26. ထင်တတ်ပလေတယ်

3.3K 727 90
                                    

Main Cast ~ ✌✌ Bangtan Boys

တညနေခင်းတွင်မူ Kim Namjoon , Kim Seok Jin, Min Yoongi, Jung Hoseok , Park Jimin, Kim Tae Hyung နှင့် Jeon Jungkook ဟူသည့် သူငယ်ချင်း ၇ ယောက်တို့သည် ဆိုင်တဆိုင်တွင် အတူတူ စုရုံးတွေ့ဆုံကာ စားကြသောက်ကြလေ၏။

စကားတပြောပြောဖြင့် ထွေရာလေးပါးလျှောက်ကာပြောကြရင်း စားရင်းသောက်ရင်းဖြင့် အချိန်ကြာလာသည့်အခါ၌ ရေချိန်ကိုက်လာပြီး အတော်လေး မူးနေကြလေတော့သည်။

ထိုအထဲတွင် အမူးဆုံးက Jung Hoseok ။ ဆိုဂျူရော ဘီယာရော အရက်ရောအကုန်လုံးကို မသောက်တတ် သောက်တတ်နှင့် ၀မ်းသာအားရ နင်းကန်သောက်ရာမှ အခြေအနေအတော် ဆိုးရွားသွားခြင်း ။

ထို့နောက်တွင်တော့ အချိန်လဲအတော်လင့်ပြီမို့ စားတာသောက်တာ လက်စသတ်ခဲ့ပြီး တယောက်ကို တယောက်တွဲလျက် ထိုစားသောက်ဆိုင်အတွင်းမှ ၇ယောက်သား ဒယိမ်းဒယိုင်ဖြင့် ထွက်လာခဲ့ကြလေတော့သည်။

ထိုအချိန်တွင် သူတို့ရှေ့ လမ်းပေါ်၌ မီးသတ်ကား တစီးက မီးများတဖြတ်ဖြတ်လင်းလျက် ခေါင်းလောင်းသံ ကလင် ကလင် အော်မြည်ရင်း ကျော်ဖြတ်ပြေးသွားသည် ။

ထိုသည့်အခိုက် ရုတ်တရက် Jhope က မီးသတ်ကားနောက်သို့ ခြေကုန်သုတ် ပြေးလိုက်သွားလေရာ ကျန်သူများလဲ အံ့သြသင့်ပြီး အမူးတောင် ပြေးလျော့ချင်တင်တင်ဖြစ်သွား၏။

ပြေးလိုက်သွားသည် Jhope ခဗျာမှာတော့ ဝေးဝေးမပြေးနိုင် ဒယိမ်းဒယိုင်မို့ နောက်ဆုံးတွင်တော့ မောဟိုက်လျက် လဲကျသွားလေသည်။

ထိုအချိန်တွင် သူ့ဘေးသို့ နောက်မှ ပြေးလိုက်လာသည့် သူငယ်ချင်းများ ၀ိုင်းအုံကာ ရောက်လာကြပြီဖြစ်သည်။

ထို့ကြောင့် သူဘာ့ကြောင့် ပြေးလိုက်ရသည့် အကြောင်းအရင်းကို သိနိုင်ရန် အားလုံးက သိလိုစိတ်ပြင်းပြစွာ မေးလိုက်လေရာ

Jhope မှ မီးသတ်ကားထွက်သွားရာဆီသို့ စူပုတ်ပုတ်ဖြင့် ကြည့်ရင်း ဤကဲ့သို့ လှမ်းအော်ကာ ပြောလိုက်လေတော့သည်။

"အေး မင်းအဲ့ဒီလို လုပ်နေမယ် ဆိုရင်တော့ ရေခဲမုန့် မရောင်းရယုံပဲ ရှိမှာပေါ့ကွာ " ဟူ၍ ။

BTS Make Me Smile [ Completed ]Where stories live. Discover now