Main Cast -
✌Park Jimin & Kim Tae Hyungတခါက Park Jimin နဲ့ Kim Tae Hyung ဆိုတဲ့ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်း နှစ်ယောက်က Seoul မြို့ရှိ Company တစ်ခုတွင် အလုပ်အတူတူ လုပ်နေကြသူများဖြစ်သည်။
နှစ်ယောက်လုံးသည် ရိုးသားကြိုးစားကြသူများဖြစ်သဖြင့် ကောင်းမွန်သော်လည်း မကောင်းသည့်အချက်မှာ Park Jimin သည် ခဏခဏမေ့တတ်လွန်းပြီး Kim Tae Hyung သည် ရှပ်တိရှပ်ပြာဖြင့် ပြာကလပ်နိုင်လွန်းလှသည်။
( အသဲတို့ မီယန်း 😅😂)ထို့အတွက်ကြောင့်လဲ နေ့တိုင်းမဟုတ်သော်ငြား မကြာခဏဆိုသလို အလွဲပေါင်းများစွာဖြင့် ကြုံတွေ့နေရသည်။
TaeHyung တစ်ယောက် ရှပ်ပြာရှပ်ပြာဖြင့် ဟိုတွန်းဒီတိုက်လုပ်လွန်း၍ ပစ္စည်းများစွာ ကျကွဲ ပျက်စီးပေါင်းလဲ များလေပြီ ။
ထို့နည်းတူစွာ Jimin မေ့လွန်း၍ လိုက်လံဖြေရှင်းပေးရသော ကိစ္စများမှာလဲ မနည်း။ ဒီနေ့အပြီးလုပ်ရမဲ့ အလုပ်ကိစ္စကို မေ့နေတာမျိုးတွေက အဆိုးဆုံး ။
ဒီလိုနဲ့ တနေ့မှာတော့ Company ကနေ အလုပ်ကိစ္စနဲ့ သူတို့နှစ်ယောက် အတူတူတွဲပြီး ခရီးထွက်ရဖို့ ဖြစ်လာတယ်။
အဲ့တော့ တမနက်ခင်းမှာ နှစ်ယောက်သား လေဆိပ်ကို အချိန်မှီသွားနိုင်ဖို့ ထုံးစံအတိုင်း ပြာယာခတ်နေကြတော့တာပေါ့ ။
Tae က ကပြာကယာနဲ့ စားပွဲခုံပေါ်က ပန်းကန်ကို တိုက်မိလိုက်လို့ ကျကွဲသွားခဲ့သေးသလို
Jimin ကလဲ လမ်းတ၀က်ရောက်မှ အရေးကြီးတဲ့ ပစ္စည်းကျန်ခဲ့လို့ တခေါက်ပြန်လှည့်ယူရသေးတယ်။ဒီလိုနဲ့ အလွဲတွေကြားက နောက်ဆုံးတော့လဲ လေဆိပ်ရောက်သွားကြတယ် ဆိုပါတော့ ။
အဲ့လိုကနေ လေယာဉ်ပေါ်တက်ကာနီးကြမှ
Jimin က တစုံတခုကို သတိရတဲ့ အသံကြီးနဲ့"Tae ... ငါတို့ အိမ် ....အိမ်ပြန်ကြရအောင် "
"ဟင် ဘာလို့လဲ ... ဘာမေ့ကျန်ခဲ့ပြန်ပြီလဲ"
Tae က အလန့်တကြား အော်မေးလိုက်တယ်။
အဲ့တော့ မျက်နှာငယ်လေးနဲ့ Jimin ပြန်ဖြေလာတာက
YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။