Main Cast ~ Kim Namjoon & Park Jimin
တစ်ခါက Kim Namjoon ဆိုတဲ့ အိမ်ထောင်ဦးစီးလေးတစ်ယောက်ဟာ ခြောက်နှစ်အရွယ် သူ့သားငယ်လေးဖြစ်တဲ့ Jimin လေးကို ဘောလုံးပွဲကြည့်စေချင်တာနဲ့ လက်မှတ် နှစ်စောင်ဝယ်ပြီး ဘောလုံးကွင်းမှာ ပွဲကြီးပွဲကောင်းကို သွားကြည့်ကြတယ်။
Jimin လေးက တခါမှ ဘောလုံးကန်တာကို မြင်ဖူးတာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒါကသူရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်နေတာပေါ့....။
ကွင်းထဲရောက်တော့ ပွဲမစသေးတာနဲ့ ကိုယ့်နေရာမှာ ကိုယ်ထိုင်ပြီး တောင်ငေးမြောက်ငေးလုပ်နေပြီးနောက် သူက သူ့အဖေဖြစ်သူ Joon ကို မေးလာတယ်...။
Jimin - "ဘောလုံးကွင်း... ဘောလုံးကွင်း နဲ့ ကြည့်လိုက်တော့လည်း လေးထောင့်ကြီးပါလား Appa ရဲ့"
Joon - "ငင်... သားလေးကဘယ်လိုထင်လို့တုန်း"
Jimin - "အဝိုင်းပုံကြီးမှတ်နေတာ"
Joon - "အော်... အင်း... ဘောလုံးကွင်းသာ အဝိုင်းကြီးဆို ကြည့်ကောင်းအုံးတော့မှာပဲ"
Jimin -"သိဘူးလေလို့... "
Joon - အင်းပါ အင်းပါ ငြိမ်ငြိမ်လေးထိုင်ကြည့်နော်....။ခဏနေတော့ ပွဲစရော အချင်းချင်း လက်ဆွဲနှုတ်ဆက်၊ နိုင်ငံတော်သီချင်းတွေ ဘာတွေဆိုပြီး စ ကန်ကြတယ်။
အစပိုင်းတော့ သူ ငြိမ်ပြီး ကြည့်နေသေးတယ်။
တော်တော်လေးကြာတော့ မနေနိုင်တော့ဘူး။ မေးခွန်းတွေ မေးလာပြန်ရော....။Jimin - "ဘယ်နှယောက် ကစားကြတာလဲဟင် Appa"
Joon - "တစ်ဖက် ၁၁ ယောက်၊ စုစုပေါင်း ၂၂ ယောက်"
Jimin - "ဒီလောက်လူတွေ အများကြီးကို ဘောလုံးလေးက တစ်လုံးထဲပေးထားတယ်"
Joon - "ဟင်... သားလေးက ဘယ်နှလုံးများ ပေးချင်လို့ တုန်း"
Jimin - "ဒီလူ အရေအတွက်နဲ့ဆို 10 လုံးလောက်မှ အဆင်ပြေမှာပေါ့"
Joon - "ငင်... ဘုရားဘုရား၊ ဘယ်လိုတွေများ ကန်ကြရပ့ါ စဉ်းစားလို့ တောင် မရဘူး"
Jimin - "သားက သူတို့ကို သနားလို့ပါ Appa ရဲ့"
Joon - "ဟုတ်ပါပြီဗျာ... လျှောက်မေးမနေနဲ့ ငြိမ်ငြိမ်ကြည့်၊ ပွဲကောင်းနေပြီ"
Jimin - "ဟုတ်..."အဲလိုတော့လည်း သနားစရာ။ မျက်နှာငယ်လေး နဲ့ ဆက်ကြည့်နေရှာတယ်။
တော်တော်ကြာပြန်တော့ သူ့အဖေကိုလှည့်ကြည့် လှည့်ကြည့်နဲ့ လုပ်လာပြန်ရော တခုခု မေးချင်နေတာ နေမှာပေါ့...၊
VOCÊ ESTÁ LENDO
BTS Make Me Smile [ Completed ]
Conto"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။