Main Cast ~ Jung Hoseok , Kim Namjoon & ARMY
Kim Namjoon ဆိုတဲ့ ၅ နှစ်သားလေးဟာ ဥာဏ်အလွန်ကောင်းပြီး စာလဲ အရမ်းတော်တယ် English Meaning တော်တော်များများလဲရတယ် ဆိုပြီး သူတို့ကျောင်းမှာ နာမည်ကြီးနေသတဲ့...။
ထို့ကြောင့် ကျောင်းအုပ်ဖြစ်သူ JungHoseok ဟာ သူ့လက်ထောက် ဆရာမလေးဖြစ်သူ ARMY နှင့်အတူ Namjoon ရဲ့ အရည်အချင်းကို စစ်ဖို့ Namjoon ရှိရာ စာသင်ခန်းဆီ ရောက်လာသတဲ့...။
ထို့နောက် Namjoon ကို စစ်မေးလေတော့တယ်...။
Hoseok - "၃ နဲ့ ၃ မြှောက်ရင် ဘာရသလဲ... ကလေး"
Namjoon - ၉
Hoseok - "ခြောက်ခြောက်လီဆိုရင်ရော"
Namjoon - 36
Hoseok - "အိုး တော်တယ်" ဟု ချီးကျူးနေစဉ် သူနှင့်အတူပါလာသော သွက်သွက်လက်လက် ထက်ထက်မြတ်မြတ်ရှိလေသည့် ဆရာမ ARMY က ထပ်မံစစ်ဆေးလိုသည့်ဆန္ဒဖြင့် "ဒီလောက်ကတော့ လွယ်ပါတယ်...ကလေးကို ကျွန်မလဲ မေးပါရစေဦး" ဟုဆိုကာ အောက်ပါအတိုင်းမေးလေတော့သည်...။
ARMY - "ဆရာမမှာ နှစ်ခုပဲ ရှိပေမဲ့ ရေဘ၀ဲတွေမှာ အများကြီးရှိတာ ဘာလဲ"
Namjoon - "လက်ပါဆရာမ"
ARMY - "ဟုတ်ပြီ...ဆရာမမှာ မရှိတဲ့ဟာ မင်းဘောင်းဘီထဲမှာ ရှိနေတယ်...အဲ့ဒါဘာလဲ"
ကျောင်းအုပ်ကြီး Hoseok မျက်လုံးပြူးသွားသည်..။ Namjoon ကတော့ ခပ်အေးအေးပင်..။
Namjoon - "ဘောင်းဘီအိတ်ပါဆရာမ"
Hoseok သက်ပြင်းချသည်..။ သူတောင် မစဉ်းစားမိတဲ့ အဖြေပင်..။
ARMY - "F နဲ့ စပြီး K နဲ့ ဆုံးတဲ့ စကားလုံး ၊ အဲဒီစကားလုံး ပြောသံကြားရင် မြင်ရင် သိပ်စိတ်လှုပ်ရှားတယ်..ရင်ခုန်တယ်...ရင်မောရမယ်"
ကျောင်းအုပ်ကြီး Hoseok တံတွေးနင်သွား၏.. Namjoon ဘာဖြေမလဲ ဆိုတာကိုသာ ပြူးပြီး ကြည့်နေမိသည်..။
Namjoon ကတော့ တည်ငြိမ်စွာဖြင့်
"Firetruck (မီးသတ်ကား) ပါ ဆရာမ"
ဟုဖြေလေရာ Hoseok ရော ARMY ရော တအံတသြဖြင့် လက်ခုတ်လက်ဝါးတီးကာ ချီးကျူးထောပနာပြုရင်း Kim Namjoon ဆိုသည့် ကလေးလေး၏ ထူးချွန်ထက်မြတ်မှုကို အသိအမှတ်ပြုခဲ့ရလေတော့သည်..။

VOCÊ ESTÁ LENDO
BTS Make Me Smile [ Completed ]
Conto"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။