Main Cast ~ Min Yoongi & Jeon Jung Kook
The End
တခါက Yoongi ဆိုတဲ့ လူငယ်တစ်ယောက်သည် Jung Kook ဆိုတဲ့ လူငယ်လေးဖွင့်ထားတဲ့ အားကစားသင်တန်းသို့ သွားကစားလေသည်..။
Jeon Kook မှာ သင်တန်းဆရာဖြစ်ပြီး body အချိုးအစားကလဲ 6 packs ကြီးတွေနဲ့မို့ အရမ်းမိုက်လှသည်..။ ထို့ကြောင့် ထိုပုံစံကို ကြည့်ပြီး Yoongi မှာ သဘောအကျကြီး ကျနေလေတော့သည်..။ Jung kook ကဲ့သို့ သူလဲ Body တောင့်ဖို့ မျှော်လင့်မိသည်..။ ဒါပေမဲ့ Yoongi ဆိုသည်မှာ နဂိုကကို အားကစားလုပ်ရတာထက် အိပ်လိုက်စားလိုက် လုပ်ရခြင်းကိုသာ နှစ်သက်သူမို့ သူ့အတွက် ခက်ခဲပင်ပန်းနေလေ၏။
တစ်နေ့တွင်တော့ အလေးမမခင် ၊ စက်ပေါ် မပြေးခင်မှာ အကြောလျော့သည်အနေဖြင့် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ရန် Jeon kook က ခိုင်းစေထားလေရာ Yoongi မှာ ကြမ်းပြင်ပေါ်တွင် ပက်လက်လှဲအိပ်ပြီး ခြေထောက်ကို စက်ဘီးနင်းနေသည့် ပုံစံ လေ့ကျင့်ခန်းလုပ်လေတော့သည်...။
သို့သော် အခါ ၂၀ လောက် လုပ်အပြီးတွင် yoongi တစ်ယောက် ဖတ်ဖတ်မောနေလေ၏။ထို့ကြောင့် ခြေထောက်လေးသာ အသာမြှောက်ထားပီး စက်ဘီးမစီးဘဲ ရေသာခိုနေလေသည်..။ အဲ့အချိန်မှာပဲ Jeon kook က မြင်သွားပြီး Yoongi ကို "ဘာလို့ စက်ဘီးစီး လေ့ကျင့်ခန်း မလုပ်တာလဲ" ဟု စိတ်ဆိုးသွားသယောင်ဖြင့် မေးလိုက်ချိန်တွင်
ထက်မြတ်ပြီး ဖြတ်ထိုးဥာဏ်ရှိသူပီပီ Yoongi တစ်ယောက်ဖြေလိုက်တာကတော့
"ဟာ...ကို...စက်ဘီးစီးလေ့ကျင့်ခန်းလုပ်နေတာပဲလေ...အခုက ကုန်းဆင်းကိုရောက်နေတယ်လို့ သဘောထားပြီး Free ရိုက် စီးနေတာမို့ပါ" ဟူ၍...။
The End
ဥာဏ်ကောင်းလွန်းသူ ခိုခိုချေပါ 😂😂😂😂😂😂😂


YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။