103. သက်သေခံပစ္စည်း

1.4K 289 36
                                    

Main Cast ~ Kim Tae Hyung

တစ်နေ့မှာတော့ Degu မှာနေတဲ့ ရှေ့နေလေး Kim Tae Hyung ဟာ အမှုတစ်ခုအတွက် တာဝန်ယူထားရပါတယ်..။ အဲဒါကတော့ ခိုးမှုပါ..။

ဖောက်ထွင်းခံရတဲ့ အိမ်အတွင်း သက်သေခံပစ္စည်းအဖြစ် ဦးထုပ်တစ်လုံးကို တွေ့ရာမှ ရဲတွေ စစ်ဆေးကြည့်လိုက်တော့ အမှုဖြစ်ရာအိမ်ရဲ့ လမ်းထိပ်မှာနေတဲ့ လူတစ်ယောက် ဆောင်းလေ့ရှိတဲ့ဦးထုပ်ဖြစ်တယ်ဆိုတာကို စုံစမ်းသိရှိပြီး အခုလို အမှုဖွင့်ထားခြင်းသာဖြစ်တယ်...။

အဲ့တော့ အမှုအနေအထားကို ကြည့်ပြီး ရှေ့နေ Tae Hyung က အမှုအသွားအလာအရ နိုင် နိုင်ချေရှိတာမို့ ထိုလူအတွက် အမှုလိုက်ပေးရန် လက်ခံလိုက်ခြင်းသာဖြစ်တယ်..။

ဒီလိုနဲ့ ရုံးချိန်းတင်တဲ့နေ့ရောက်လာတော့ Tae Hyung က သက်သေခံပစ္စည်းအဖြစ် တင်ပြထားတဲ့ ထိုဦးထုပ်မျိုး တစ်ဒါဇင်လောက် ယူလာတယ်..ပြီးတော့မှ လျှောက်လဲချက်ပေးလေတယ်....

တရားသူကြီးခင်ဗျာ...ဒီဦးထုပ်မျိုးဟာ ကျွန်တော့်ရဲ့အမှုသည် တစ်ယောက်တည်း ဆောင်းတာ မဟုတ်ပါဘူး... ကျွန်တော်ရဲ့ အမှုသည်ဆီမှာသာ တစ်လုံးတည်းရှိတဲ့ Limited ဦးထုပ်လဲမဟုတ်ပါဘူး...ဒီဦးထုပ်လုပ်တဲ့ဆီကလဲ တစ်လုံးတည်းသာ ထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး..ဒါကြောင့်တခြားမြို့က လူတစ်ယောက်ယောက်က ဖောက်ထွင်းမှုကျူးလွန်ပြီး ကပြာကယာထွက်ပြေးရလို့ ဦးထုပ်ကျန်ခဲ့တာမျိုးလဲ ဖြစ်နိုင်ပါတယ် ဟု တင်ပြလေသည်.....

ထို့ကြောင့်တရားသူကြီးလဲ Tae Hyung လျှောက်လဲချက်က အကျိုးအကြောင်းဆီလျော်တာမို့ တရားခံကို လွှတ်ပေးရန် အမိန့်ချမှတ်လိုက်တယ်...။

အဲ့တော့ Tae Hyung လဲ သူ့အမှုအောင်နိုင်သွားတာမို့ ကျေနပ်နေမိတာပေါ့..။

ဒါပေမဲ့ တရားခံဟာ သူ့ကို လွှတ်ပေးလိုက်တဲ့အကြောင်း ပြောပြီးတာကိုပဲ တရားရုံးထဲကနေ ထွက်မသွားသေးဘဲ ရပ်နေလေတော့

တရားသူကြီးက

မောင်မင်း ဘာမှား ပြောစရာရှိသေးလို့လဲ ဟု မေးလိုက်တဲ့အခါ တရားခံက ပြန်ပြောလိုက်တဲ့စကားကြောင့် ရှေ့နေလေး TaeHyung ခဗျာ မျက်လုံးအပြူးသားနဲ့ သူနဖူးသူ လက်ဝါးနဲ့ ရိုက်လိုက်မိလေတော့တယ်...

BTS Make Me Smile [ Completed ]Where stories live. Discover now