70. ဝင်ခွင့်ရပြီ

1.9K 402 43
                                    

Main Cast ~ Kim Namjoon & Bang Shihyuk

ဟားဗတ်တက္ကသိုလ်သို့ တက်ရောက်ခွင့်အတွက် လျှောက်လွှာတင်ထားသူများအား တစ်ဦးချင်း လူတွေ့စစ်မေးပွဲပြုလုပ်နေသည်။ နောက်ဆုံးမှာတော့ ကျောင်းသား Kim Namjoon အလှည့်သို့ရောက်လာသည်..။

ပါမောက္ခ Bang Shihyukက Namjoon ကို "ကိုင်း နောက်ဆုံးအနေနဲ့ ဆရာရိုးရိုးလေးမေးမယ် ဖြေတာမှန်ရင် ကျောင်းတက်ခွင့်ရပြီလို့ မှတ်လိုက်ပေတော့ "ဟုပြောလေရာ Namjoon လဲ ၀မ်းသာစွာ ခေါင်းငြိမ့်မိသည်...။

"ဒီအခန်းထဲမှာ လျှပ်စစ်မီးသီး ဘယ်နှစ်လုံးရှိသလဲကွယ်"

Bang က မေးခွန်းထုတ်လေတော့ Namjoon လဲ မီးလုံးများကို အမြန်ဆုံးရေတွက်ပြီး "ငါးလုံးပါ ခင်ဗျ" ဟု ချက်ချင်းအဖြေပေးလိုက်သည်...။

ထိုအခါ ပါမောက္ခ Bang က သူ၏ ကုတ်အကျီင်္အိတ်ထဲမှ နောက်မီးသီးတစ်လုံးကို ထုတ်ကာ ပြလိုက်ပြီး ခပ်ပြုံးပြုံးဖြင့် "နောက်နှစ်ကျရင် လာခဲ့ဦးပေါ့ ဟုတ်လား" ဟုပြောကာ ထွက်သွားလေသည်..။

Namjoon လဲ စိတ်မကောင်းခြင်းများစွာဖြင့် ကျန်ရစ်ခဲ့လေတော့သည်..။

ဒါပေမဲ့ အချိန်တွေက ကုန်တာမြန်ပြီး နောက်နှစ်သို့ ရောက်လာခဲ့သည်..။ ထိုအခါတွင်လည်း Namjoon က ၀င်လျှောက်ထားပြန်ရာ လူတွေ့စာမေးပွဲ၌ ပါမောက္ခ Bang နှင့်ပင် ပြန်ကြုံလေ၏..။

ဒီတခါမှာလည်း ရှေးနည်းတူစွာ "အခန်းထဲမှာ မီးသီး ဘယ်နှစ်လုံး ရှိသလဲကွယ်" မေးပြန်လေတော့ "ခြောက်လုံးပါ ဆရာ" ဟု Namjoon က စိတ်ချ ယုံကြည်စွာ ဖြေသည်....။

ထိုအခါ ပါမောက္ခ Bang က သူ၏ အကျီ၊ ဘောင်းဘီအိတ်များကို ခါချသည်..။ ဘာမှမရှိချေ...။ ထို့နောက် ခပ်ပြုံးပြုံးလုပ်ကာဖြင့် "​နောက်​နှစ်​ကျလဲ ထပ်​လာခဲ့ဦး​ပေါ့ ဟုတ်​လား" ဟု​ပြောပြီး ထွက်သွားတော့အံ့စဲစဲတွင် Namjoon က ဤသို့ ကမန်းကတမ်း ၀င်ပြောသည်..။

"ဆရာ..ကျွန်တော့်ကို ကျောင်းဝင်ခွင့်ပေးပါဆရာ..ကျွန်တော့် အဖြေမှန်ပါတယ်..." ဟူ၍...။

ထိုစကား​ကြောင့်​ Bang က အံသြစွာဖြင့် Namjoon ကို လှည့်ကြည့်နေခိုက်မှာပဲ Joon က သူ့ကျောပိုးအိတ်ထဲမှ မီးသီးတစ်ခုကို ထုတ်ကာ ပြလိုက်လေတော့သတည်း...။

BTS Make Me Smile [ Completed ]Where stories live. Discover now