Main Cast ~ Kim Namjoon
တစ်ခါက အရမ်းတော်ပြီး ဉာဏ်သိပ်ကောင်းတဲ့ Kim Namjoon ဆိုတဲ့ ရှေ့နေလေးတယောက်ဟာ သူ့ရဲ့ အမှုသည်အတွက် ရှေ့နေလိုက်ပေးရန် တရားခွင်မှာ ရောက်နေလေသတဲ့ ။
ရှေ့နေဆိုတော့လဲ သူ့ကိုလာအပ်တဲ့ အမှုမှန်သမျှကို တာဝန်ယူပေးလေတော့ အခု သူ့ရှေ့နေလိုက်ပေးရသည့် အမှုမှာ ခိုးမှုကျူးလွန်ထားတဲ့တရားခံဘက်က ဖြစ်နေလေသတဲ့။
Namjoon လဲ သူ့ရဲ့ အမှုသည်နဲ့ တိုးတိုးတိတ်တိတ်တိုင်ပင်ပြီးနောက် အမှုလျှောက်လဲချက် တင်ပြရန် ဟန်ပြင်လိုက်လေတော့တယ် ။
အဲ့အချိန် တရားသူကြီးနဲ့ ပရိတ်သတ်အပေါင်းကလဲ အရမ်းထက်လွန်းတဲ့ Namjoon အဘယ်သို့ လျှောက်လဲချက် တင်ပြမလဲ စိတ်ဝင်စားနေကြလေသတဲ့ ။ အမြဲလိုလို Namjoonဘက်ကသာ အမှုနိုင်နေကြဆိုတော့လဲ အားလုံးက စိတ်ဝင်စားကြတာ မမှားပါဘူး။
ထိုအချိန်မှာပဲ Namjoon က
"တရားသူကြီးခင်ဗျာ ဒီအမှုကိုသေသေချာချာ စဉ်းစားဆုံးဖြတ်စေချင်ပါတယ်၊ ကျွန်တော့်အမှုသည်ဟာ အိမ်ထဲဝင်ပြီးခိုးတာ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်"
"တရားလို ကိုယ်တိုင်ကလဲ ခိုးသူက
ပြတင်းပေါက်ကနေ နှိုက်ယူတယ်လို့ ထွက်ဆိုထားပါတယ် ။ ထို့အတူ တရားခံကလဲ အမှန်အတိုင်းဝန်ခံထားပါတယ် ရောဂါသည်အမေ့အတွက် ဆေးဖိုးလိုနေတဲ့အချိန်မို့ ကြံမိကြံရာ ကြံရင်း ပြတင်းပေါက်ပွင့်နေတာ မြင်လို့ လက်လှမ်းမီရာ နှိုက်ယူမိသွားတာပါလို့"ဒါ့ကြောင့် တခုစဉ်းစားပေးပါ သူ့ညာဘက်လက် အိမ်ထဲရောက်တာနဲ့ သူ့တစ်ကိုယ်လုံးမှာ အပြစ်ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ပီးတော့ တရားခံက နောက်ထပ် ဘယ်တော့မှ မကောင်းမှုကို မလုပ်တော့ပါဘူးလို့လဲ ကျွန်တော့်ကို ၀န်ခံကတိ ပေးထားပါတယ် ။ ထို့အတွက်ကြောင့် ယခုပြစ်မှုကို အပြစ်ပေးမယ်ဆိုရင်လဲ အပြစ်ကျူးလွန်တဲ့ သူ့ညာလက်ကိုသာ အပြစ်ပေးသင့်ပါတယ် လို့ လျှောက်တင်လိုက်သတဲ့။
VOUS LISEZ
BTS Make Me Smile [ Completed ]
Nouvelles"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။