90. ဥာဏ်ပြေးချက်က

1.5K 324 29
                                    

Main Cast ~ Jung Hoseok

Hoseok ဆိုသော လူငယ်လေး စီးလာသော ကားသည် တဖက်​ကားက လူဖြင့် ​​နှစ်ဦးစလုံးရဲ့ မတော်တဆ အမှားတစ်ခုကြောင့် ကားချင်းတိုက်မိကြသည်...။

ကားနှစ်စီးလုံး ပျက်စီးသွားသော်လည်း သူတို့နှစ်ဦးမှာ ဘာမှ ထိခိုက်ဒဏ်ရာ မရကြပေ..။

ထို့​​နောက်​ ကားအောက်မှ လူးလွန့်ထွက်လာကြပြီးနောက် မျက်နှာချင်းဆိုင်မိချိန်တွင် တဖက်လူက ဒေါသတကြီး ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် Hoseok က ပြုံး၍

"အိုး..ကြည့်ပါဦး...ကားနှစ်စီးလုံးက ပျက်စီးသွားပေမဲ့ ကျွန်တော်တို့ နှစ်ယောက် ဘာမှ မဖြစ်ကြဘူး ဘုရားမတာပဲနော်... ဒါ ကျွန်တော်တို့နှစ်ယောက် မိတ်ဆွေဖြစ်ဖို့ ဘုရားက ဖန်ဆင်ပေးလိုက်တာနေမှာ.."

Hoseok ၏ ဆွဲဆောင်မှုရှိသော အပြုံးချိုလေးနဲ့ အပြောကောင်းသော စကားလုံးများအောက်တွင် တဖက်လူမှာ ဒေါသများ ဘယ်ရောက်သွားမှန်းမသိတော့..။

ထို့နောက် Hoseok က သူ့ကားဆီသို့ လျှောက်သွားပြီး ပုလင်းတစ်လုံးကို ဆွဲထုတ်လာလေသည်..။

"ကြည့်ပါဦး ထူးဆန်းလိုက်တာ... ဒီလောက် ကားချင်းတိုက်တာတောင် ဒီဝိုင်ပုလင်းက ဘာမှ မဖြစ်ဘူးပဲ..။ သေချာတယ် ဘုရားသခင်က ကျွန်တော်တို့ မိတ်ဆွေဖြစ်တဲ့ အထိမ်းအမှတ်နဲ့သောက်ဖို့ ပုလင်းမကွဲအောင် ဖန်ဆင်းပေးလိုက်တာဖြစ်မယ်..."

ထို့နောက် ပုလင်းကို ထိုအမျိုးသားထံ ကမ်းပေးလိုက်ရာ အမျိုးသားက ယူ၍ နွားငတ်ရေကျ တ၀က်မျှ မော့ချလိုက်သည်..။ ပြီးနောက် ​ပျော်​ရွင်စွာဖြင့် ​​​Hoseok ထံ ပုလင်းကမ်းအပေး ကင်းလှည့်ရဲများ အနားသို့ရောက်လာသည်...။

ထိုအချိန်မှာပဲ Hoseok က ခပ်​တည်​တည်​အ​နေအထားဖြင့်​ ပြောလိုက်သည်ကတော့...

"ကြည့်ကြပါဦးဗျာ...ဒီလိုအချိန်မှာတောင် ဒီလူက ကျွန်တော့်ကိုလာပြီး အရက်တိုက်နေသေးတယ်...အခုလိုကားချင်းတိုက်မိတာ ဘယ်သူ့အလွန်ဖြစ်မလဲဆိုတာ ဆရာကြီးတို့ စဉ်းစားသာ ကြည့်ကြပါတော့" ဟူ၍...။

The End

The End

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
BTS Make Me Smile [ Completed ]Tempat cerita menjadi hidup. Temukan sekarang