Main Cast ~ Min Yoongi & Jeon Jung Kook
အိမ်ပွဲစားဖြစ်သည့် Min Yoongi နှင့် အိမ်ဝယ်လိုသည့် Jeon Jungkook တို့သည် အိမ်လွတ်တစ်လုံး ကြည့်ရှုရန် ထိုအိမ်ရှိရာဆီသို့ ကားမောင်းနှင်လာကြသည်...။
THE END
အိမ်ပွဲစားဖြစ်သည့် Min Yoongi နှင့် အ်ိမ်ဝယ်လိုသည့် Jeon Jungkook တို့သည် အိမ်လွတ်တစ်လုံး ကြည့်ရှုရန် ထိုအိမ်ရှိရာဆီသို့ ကားမောင်းနှင်လာကြသည်...။
ထိုအိမ်သို့အရောက် အိမ်အထဲဝင်ရန်ကြိုးစားသည်...။ သို့သော် အခန့်မသင့်ဖြစ်ချင်တော့ အိမ်ရှေ့တံခါးက သော့ဖွင့်မရဖြစ်နေ၍ Yoongi မှာ လှည့်ပတ်ကြည့်ရှုရင်းကနေ ပြူတင်းပေါက်မှ ကျော်တက်ရန် ပြင်ဆင်လိုက်၏။
ထိုအချိန်မှာပဲ လူတစ်ယောက်ရောက်လာကာ
"ဟေ့လူ ဘာလုပ်တာလဲ" ဟုမေးလေသည်.။
"ကျွန်တော် အိမ်ပွဲစားပါ" ဟု Yoongi မှာ မဆိုင်းမတွချက်ချင်း ဖြေလိုက်သည်။
"ဒါဆို ဘာလို့ ကျော်တက်ရတာလဲ ကျုပ်က တာဝန်ရှိလို့ မေးတာ" ရဲအရာရှိက တံဆိပ်ကို ထုတ်ပြရင်း ပြောဆိုလိုက်၏..။
ထိုအခါဝယ် Yoongi မှာ ခပ်ချေချေပြုံးလျက်ဖြင့် အိမ်ဝယ်လိုသည့် Jungkook ဘက်သို့လှည့်ကာ ပြောလိုက်သည်ကတော့
" ကိုင်း ... လုံခြုံစိတ်ချရတဲ့ ရပ်ကွက်ဆိုတာ မင်းယုံပြီ မဟုတ်လား" ဟူ၍...။
THE END
အခွင့်သာတာနဲ့ အဲ့လို ချက်ကျလက်ကျပြောတတ် ဆိုတတ်လွန်းတဲ့ ပွဲစားကြီး Yoongi နဲ့ တွေ့ဖူးချင်လိုက်တာ...ခ်ခ်


YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။