18. သူတို့ခိုးတာက

3.8K 879 145
                                    

Main Cast - ✌✌ Min Suga

တခါက သူခိုးဖမ်းရာမှာ အလွန်တော်သော Min Suga ဟူသည့် ရဲသားတစ်ယောက်ရှိလေ၏ ။

Suga သည် သူခိုးကို မြင်ယုံနှင့် သိသည်။ သူ သူခိုးဟု ယူဆထားသူအား စိတ်ရှည်လက်ရှည် စောင့်ကြည့်လျှင် ခိုးနေသည်ကို တွေ့ရမည်ဖြစ်ပြီး ထိုသူခိုး အချုပ်စခန်းတွင်း ၀င်ရဖို့ရာ သေချာ၏ ။

Suga ၏ သူခိုးဖမ်း နာမည်ကြီးမှုကြောင့် အကြီးစားစက်ရုံတစ်ရုံက အချိန်ပိုင်း စောင့်ကြပ်ရေး အရာရှိအဖြစ် Suga ကို ခေါ်ယူခန့်ထားလေ၏ ။

သူ့အလုပ်မှာ စက်ရုံမှ အလုပ်သမားများ ပြန်ချိန်ကို သေချာစောင့်ကြည့်ရပြီး မသင်္ကာလျှင် ထမင်းချိုင့်ပါ မကျန် ရှာဖွေ စစ်ဆေး ခြင်း ဖြစ်၏။

တနေ့တွင်တော့ အလုပ်သမား ထောင်နှင့်ချီနေတဲ့အထဲမှ Suga မင်္သကာသော အလုပ်သမား နှစ်ယောက်ကို တွေ့လိုက်ရပါပြီ ။

အလုပ်သမား နှစ်ယောက်ကလည်း Suga ရှေ့မှ ဖြတ်ရမှာကိုပင် မဟာစွံ့စားခန်းကြီးလို ။ ညနေအလုပ်ဆင်းချိန်တွင် အလုပ်သမား နှစ်ယောက်သည် လက်တွန်းလှည်းပေါ်တွင် ကောက်ရိုးများကို တင်ကာ ထွက်လာကြသည်။

Suga ကြည့်လိုက်သည်နှင့် သိနေပြီ ။ သူတို့ တခုခု ခိုးလာပြီ ဆိုတာကို ။ ထိုကြောင့် ရပ်ခိုင်းပြီး ကိုယ်ပေါ်မှာ ရှာကြည့်သည်။ ဘာမှမတွေ့ ။ လှည်းပေါ်မှ ကောက်ရိုးများကို လှန်လျောရှာဖွေသည်။ မတွေ့ ။ Suga မကျေမနပ်ဖြင့် သွားခွင့်ပြုလိုက်ရသည်။ ဒါပေမဲ့ နောက်ရက်တွေမှ ပို၍ သတိထားပြီး စောင့်ကြည့်သည်။

သုံးရက်ခန့်အကြာတွင်လည်း ထိုနည်းအတိုင်း လက်တွန်းလှည်းပေါ်တွင် ကောက်ရိုးများတင်ကာ ထွက်လာကြပြန်သည်။ Suga သူတို့မျက်နှာတွေကို သေသေချာချာကြည့်လိုက်သည်။ ခိုးလာပြီ သူတို့ခိုးလာပြီ တခုခုကို ခိုးလာခြင်းတော့ သေချာနေပြီ ။ သို့သော် ရှာတိုင်း ဘာမှမတွေ့ ။ လှည်းပေါ်မှာမတွေ့၍ လှည်းအောက်များ တခုခုကပ်ယူလာလေမည်လား ဟု ငုံ့ကြည့်သည်။ မရှိ ။ ထို့ကြောင့် လွှတ်ပေးလိုက်ရပြန်သည် ။ Suga မကျေနပ်ပါ ။ လုံးဝ မကျေနပ် ။

BTS Make Me Smile [ Completed ]Donde viven las historias. Descúbrelo ahora