Main Cast ~ Jung Hoseok
တခါက Seoul ဘူတာမှ Daegu သို့ ထွက်ခွာမည့်ရထားသည် ရထားမထွက်ခင် ခတ္တ ရပ်ထားလေသည် ။ ထိုအချိန်တွင် တွဲပေါ်သို့ Jung Hoseok ဆိုတဲ့ အရမ်းအစအနောက်သန်တဲ့ ကောင်လေးတစ်ယောက် တက်လာသည်၊
သို့သော် တွဲပေါ်တွင် ခရီးသည်များ ပြည့်ကျပ်နေပြီး ထိုင်ခုံနေရာ လွတ်ဟူ၍ လုံးဝ မရှိချေ ၊ ထိုအခါ Hoseok က
"အားလုံးကို ငါ စနောက်လိုက်ဦးမယ်" ဟု တွေးကာ ပါလာသော သေတ္တာကို ဖွင့်လိုက်သည်။ချက်ချင်း ဆိုသလို ပြန်ပိတ်လိုက်ပြီး ထိုင်ခုံအောက်ဝင်ကာ ဟိုရှာသည်ရှာ လုပ်လေသည်။ ခရီးသည်များ စိတ်ဝင်စားလာပြီး ၀ိုင်းမေးကြသည်။
" ဘာရှာနေတာလဲဗျ"
ထိုအခါ Hoseok က
"အနှောက်အယှက် မပေးကြပါနဲ့ ၊ ကျွန်တော် ဒီကောင့် ကို မိမှာပါ" ဟု ယုံကြည်ချက်အပြည့် ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ပြန်ဖြေသည်..။
အဲ့တော့ လူအုပ်ကလဲ ပိုစိတ်ဝင်စားသွားတာပေါ့ ။ ဒါကြောင့် ရှာနေတဲ့ အကောင်ကို သိချင်သွားကြတော့
"ဘာကောင်ကိုလဲ" ဟု ထပ်မေးကြရာ
"မြွေလေ ၊ သေတ္တာထဲက ဒီကောင် လွတ်ထွက်သွားတယ်" ဟု Hoseok မှာ သွားလေးဖြဲလျက် အားနာဟန်ဖြင့် ပြောလာလေသည်...။
ထိုအချိန်မှာတော့ ခရီးသည်များ အားလုံး ကြောက်လန့်တကြားနဲ့ ရှဲခနဲ ဖြစ်သွားကြသည်၊ သူ့ ထက်ငါ
အလျင်ဦးအောင် တွဲထဲမှ ထွက်ပြေးကြသည် ၊အဲ့လိုကနေ လူတစ်ယောက်မှ မကျန်သောအခါ Hoseok သည် သူ့ရဲ့ စနောက်မှုအပေါ်ကို သဘောကျကာ ရယ်မောလျက်ဖြင့် လွတ်သွားသော ခုံတန်းပေါ် အားရပါးရ လှဲချလိုက်သည်။ ပြီးနောက်မကြာမီမှာပဲ ပင်ပန်းလာတဲ့ဒဏ်တွေရောပြီး ချက်ချင်း အိပ်ပျော်သွားလေသည်။ အဲ့လိုကနေ အချိန် နှစ် နာရီခန့်အကြာမှ အိပ်ရာကနေ ပြန်နိုးလာသည်၊
Hoseok တစ်ယောက် အိပ်ချင်မူးတူးဖြင့် ဘေးဘီဝဲယာတစ်ချက်ကြည့်ပြီးနောက် မိမိစီးလာသော ရထားမှာ ရပ်နေသည်ကို တွေ့ရသဖြင့် ပြတင်းပေါက်မှ ပြူထွက်ကာ ဖြတ်လျှောက်လာသော ရထားလုပ်သားကို မေးလိုက်လေသည်။
YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။