Main Cast ~~ Jung Hoseok & Min Suga
တခါက Jung Hoseok နဲ့ Min Suga ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် မတွေ့တာကြာပြီးမှ ပြန်တွေ့သည့် အထိမ်းအမှတ်အဖြစ် အရက်ဘားတစ်ခုတွင် စားသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောကာ အဖွဲ့ကျနေကြလေ၏။
အချိန်ကြာလာတာနဲ့ အမျှ အရက်သိပ်မသောက်နိုင်ရှာလေသူ Jhope မှာ တော်တော်လေး အခြေအနေမဟန် ဖြစ်နေရှာလေပီပင် ဖြစ်သည်။
ထိုအချိန်တွင် သူတို့အနားရှိ TV ၌ တိုက်ပေါ်ကနေ ခုန်ချဖို့ ပြင်နေတဲ့ သေကြောင်းကြံသူ အကြောင်း သတင်းလာနေလေသည်။
ထိုအခါ Jhope က တီဗွီကို မော့ကြည့်ရင်း အာလေးလျာလေး ခပ်ထွေထွေ မှိုင်တိမှိုင်တိုင်ရုပ်လေးဖြင့်
"ဒီလူ ခုန်ချမှာ မဟုတ်ပါဘူး" ဟု စတင်ပြောလိုက်လေသည်။ထိုစကားကြားပြီး Suga က "ခုန်ချမှာပါကွာ" ဟု အငြင်းစကားဆိုလိုက်လေသည်။
ဒီတော့ Jhope က "ဟင့်အင်းမခုန်ချဘူး" ဟု ထပ်ပြောပြန်သည်.
ဒါကြောင့် Suga က " အိုကေလေ။ ဒါဆို ငါတို့ ၀မ် ၃ သောင်း ကြေးလောင်းမယ်" ဟုစိန်ခေါ်လိုက်တယ်။
Jhope ကလည်း ၀မ် ၃ သောင်းကို ချက်ချင်း စားပွဲပေါ် တင်ပေးလိုက်တယ်။
မကြာပါဘူး။ TV ရှိ သတင်းထဲက သေကြောင်းကြံဖို့ကြိုးစားနေသူ တိုက်ပေါ်က တကယ် ခုန်ချသွားလေတယ်။
ထိုအခါဝယ် Suga က ပထမတော့ အောင်နိုင်သူပမာ ပြုံးလိုက်ပေမဲ့ နောက်တော့ "Hopie ရာ...မင်းပိုက်ဆံကို ငါ မယူပါဘူး။ ဒီသတင်းကို ငါမနက်က ကြည့်ပြီးပြီ။ ဒါနောက်တစ်ခေါက် ထပ်ပြတာလေ။ အာ့ကြောင့် ငါ သူခုန်ချမယ်ဆိုတာ သိနေတာပေါ့"
ဟု ဆိုရင်း သူငယ်ချင်းဖြစ်သူ Jhope ပိုက်ဆံကို ပြန်ပေးလိုက်လေသည်။
ဒါပေမဲ့ အရမ်းမူးနေရှာတဲ့ Jhope က မှိုင်တွေတွေလေးနဲ့ ပြောလာလေတဲ့ စကားကို ကြားပီးချိန်မှာတော့ Suga လဲ ဘာမှမတတ်နိုင်ရှာဘူး ဖြစ်သွားလေတော့တယ်။
Jhope ပြောလိုက်သည်က
"မဟုတ်ဘူး။ တကယ်တော့ ငါလည်း မနက်က ကြည့်ပြီးသွားပြီ။ ဒါပေမဲ့ သူနောက်တစ်ခေါက် ပြန်ခုန်ချရလောက်အောင်ထိ မမိုက်မဲဘူးထင်လို့ပါကွာ"
BẠN ĐANG ĐỌC
BTS Make Me Smile [ Completed ]
Truyện Ngắn"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။