Main Cast ~
✌Jeon Jung Kook & Kim Tae Hyung
တရက်တွင်တော့ Jeon Jungkook ဆိုသော လူငယ်လေးသည် အိပ်ရာမှ အိပ်မှုံစုန်ဖွား နိုးထလာပြီးနောက် ကုတင်ဘေးတွင်ထားသော သူ့ဖုန်းလေးကို ဂိမ်းဆော့ရန် အသာလှမ်းယူလိုက်ချိန်တွင် ဖုန်းမှာ ဘယ်အချိန်ကထဲက ဟန်းနေလေသည်မသိ power လဲ ဖွင့်မရတော့ဘဲ ပျက်ရှာလေပြီ ဖြစ်၏။ သေချာတာကတော့ ဂိမ်းအဆော့လွန်ပြီး ဖုန်းစုတ်လေပြီ။
ထို့ကြောင့် Jungkook တယောက် တဗျစ်တောက်တောက် မြည်တွန်ငြီးတွားရင်း လမ်းထိပ်တွင် မကြာသေးမီက အသစ်ဖွင့်ထားလေသော ဖုန်းဆိုင်သို့ ဖုန်းပြင်ရန် အိမ်နေရင်းအ၀တ်အစား၊ ဆံပင်ဘုတ်သိုက်၊ အိပ်ချင်မူးတူး ဖရိုဖရဲစတိုင် ဖြင့် ထွက်လာခဲ့လေ၏။
ဖုန်းပြင်ဆိုင်သို့ သူရောက်ချိန်မှာတော့ ငယ်ငယ်ချောချော ဆိုင်ဝန်ထမ်းကောင်လေး တစ်ယောက်ကို တွေ့မိလိုက်သည်။
ထို့ကြောင့် ထိုကောင်လေးကိုပဲ ပြင်ဖို့ မှာစရာရှိတာမှာ ပြောစရာရှိတာပြောပီးနောက် ပြန်ကာနီးအချိန်မှာ ဘာရယ်မဟုတ် ၀န်ထမ်းName Card မှာ ထင်းနေသော နာမည်လေးရဲ့ ပိုင်ရှင် Kim Tae Hyung ဟူသည့် ထိုကောင်လေးကို မျက်စိမှိတ်ပြကာ နှုတ်ဆက်လိုက်မိသေးသည်။
အဲ့အချိန် အနှီ ကောင်လေးကတော့ မျက်လုံးအ၀ိုင်းသားလေးနှင့် သူ့ကို ကြောင်ပြီး ကြည့်လို့ ။
ညနေ ဖုန်းသွားယူရမည့် အချိန်မှာတော့ Jungkook ခဗျာ လူတိုင်းလည်ပြန်ငေးရမည့် ဒီဇိုင်းဖြင့် အလန်းဆုံးပြင်ဆင်ပြီး ထိုကောင်လေးရှေ့မှောက်သို့ ထပ်မံရောက်ခဲ့ပြန်လေ၏ ။
သို့ပေမဲ့ ကံကောင်းသည်လား ကံဆိုးသည်လား မသဲကွဲတာက ထိုကောင်လေးမှာ သူ့ကို မမှတ်မိ။
အတန်ကြာအောင် စိုက်ကြည့်ပြီးနောက်မှ မှတ်မိသွားသည့်ပုံစံဖြင့် စကားတခွန်းကို ဆိုလာလေရာ Jungkook ခဗျာ ငိုရမလို ရယ်ရမလို အောင့်တီးအောင့်သက်ဖြစ်သွားရ ရှာလေ၏။
Tae Hyung ပြောလာသည်က
"ဟာ မှတ်မိပြီ ၊ မနက်က အကိုလေးရဲ့ အဖေလားပဲ ... နည်းနည်းမျက်ကြောလိုက်နေတဲ့ ဦးလေးကြီးလေ .. သူ သေသေချာချာ ဖုန်းလာအပ်သွားတာ" ဟူ၍ ။
YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။