50. အမွှေစိန်

2.2K 564 47
                                    

Main Cast ~~ Kim Seok Jin & Kim Tae Hyung

တစ်ခါက Kim Seok Jin ဆိုတဲ့ လူငယ်လေးဟာ Super Kim ဆိုတဲ့ ဆေးဆိုင်လေး ဖွင့်ထားပြီး အထက်တန်းကျောင်းတက်နေတဲ့ သူ့ညီလေး Kim Tae Hyung ကို ပြုစုစောင့်ရှောက်လျက်ပဲ အေးဆေးစွာနဲ့ လုပ်ကိုင်စားသောက်လျက်ရှိသတဲ့။

ဒါပေမဲ့ Super Kim ဆိုတဲ့ သူ့ဆေးဆိုင်မှာက အပိုဝန်ထမ်းလဲ မခန့်ထားနိုင်သေးတော့ သူတစ်ယောက်ထဲ တစ်နေကုန် ဆိုင်ထိုင်ရင်း ဆေးရောင်းရရှာတာပေါ့။

တစ်နေ့မှာတော့ Kim Seok Jin ခဗျာ သွားစရာကိစ္စလေးကလဲ မသွားမဖြစ်သွားရဖို့ ပေါ်လာလေတဲ့အချိန် ဆိုင်ပဲ ပိတ်ထားကာ သွားရလေမလား တွေးနေတဲ့အခိုက် ညီဖြစ်သူကလဲ ကျောင်းမှပြန်ကာ အကိုရှိရာဆိုင်ဆီ အလည်ရောက်လာလေတော့ ကွက်တိဖြစ်သွားကာ Tae Hyung ကိုပဲ ဆိုင်ကိုအပ်ကာ အလျဉ်းသင့်သလို ဆေးရှာဖွေရောင်းချပေးဖို့ မှာရင်း သူ့ညီနဲ့ ဆိုင်ကို စိတ်မချခြင်းများစွာနဲ့ပဲ ထားခဲ့ရပြီး အပြင်သို့ ခပ်သုတ်သုတ်ထွက်သွားလေတော့သည်။။

ထို့နောက်တော့၂ နာရီခန့်ကြာမြင့်ပြီးနောက် Seok Jin ဟာ အပြင်မှ ပြန်ရောက်လာကာ သူ့ဆိုင်ထဲကို ၀င်လာတဲ့အချိန်မှာ ဆိုင်ရှေ့ဝယ် ရှုံ့မဲ့စွာဖြင့် မချိမလှခံစားရင်း ဆိုင်နံရံကိုအားပြုပြီး ရပ်နေရရှာတဲ့လူတစ်ယောက်ကို တွေ့လိုက်ရလေတယ်။

ဒါကြောင့် ညီဖြစ်သူ Tae Hyung ကို မေးလိုက်တယ်။

"Tae....ဟိုနားကလူ ဘာရပ်လုပ်နေတာလဲ?"

ထိုအခါ Tae Hyung က ဆိုင်အပြင်သို့ မျက်လုံးတစ်ချက်ဝှေ့ကာ လှမ်းကြည့်ပြီးနောက် "အော် ...အဲဒီလူလား.. ခုနက ဆိုင်ကို ရောက်လာပြီး ချောင်းဆိုးပျောက်ဆေး လာဝယ်တယ်လေ။ အဲ့ဒါ ချောင်းဆိုးပျောက်ဆေးရည်ဘူး မတွေ့တာနဲ့ ၀မ်းနုတ်ဆေးရည် တစ်ဘူး ပေးလိုက်တော့ အာ့ကို သောက်ပြီး အပြင်ထွက်သွားတယ်"လို့ အေးဆေးစွာနဲ့ ပြောလာလေ၏။

Tae ရဲ့ အဖြေကြားပြီးပြီးချင်း Seok Jin မှာတော့ မျက်လုံးပြူးသွားပြီး "အာ...ငါထင်တဲ့အတိုင်းတော့ လျှောက်လုပ်ပီ ... ချောင်းဆိုးတာကို ၀မ်းနုတ်ဆေးနဲ့ ကုလို့မရဘူးလေကွာ Tae ရ"

BTS Make Me Smile [ Completed ]Wo Geschichten leben. Entdecke jetzt