Main Cast ~ Min Yoongi & Kim Tae Hyung
Yoongi ပြန်ဖြေလေသည်က
The End
ပင်ပန်းနွမ်းနယ်လာသော ခရီးသွားဖြစ်သူ Min Yoongi သည် တည်းခိုခန်းတွင် လူပြည့်နေပြီဖြစ်၍ စိတ်ဓာတ်ကျလျက်ရှိသည်....။
နောက်ဆုံး ဟိုတယ်မန်နေဂျာကို ပြောကြည့်သည်။
"အိပ်ဖို့နေရာလေးရတယ်ဆို အဆင်ပြေပါပြီ၊ လာရတာအဝေးကြီးမို့ ကျွန်တော်နားချင်လို့ပါ"မန်နေဂျာက ခဏလောက်စဉ်းစားပြီး ပြန်ပြောသည်။
"ကျွန်တော့်ဆီမှာ နှစ်ယောက်ခန်းယူထားရတဲ့ Kim Tae Hyung ဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။ သူက နောက်တစ်ယောက်နဲ့ သူ့အခန်းကို ပိုက်ဆံ မျှခံချင်တယ်။ ခင်ဗျား အဆင်ပြေရင် အဲ့မှာ တည်းလို့ရတယ်။ ဒါပေမဲ့ သူက အရမ်းဟောက်တယ်ဗျ ဘေးခန်းတွေကတောင် ကြားရတယ်....။ ခင်ဗျား သူနဲ့ တခန်းထဲ အိပ်ရမှာဆိုတော့ ဖြစ်ပါ့မလား အဲ့တာလဲ စဉ်းစားဦး "ထိုအခါ Yoongi က ခဏစဉ်းစားပြီးနောက်
"အို ဘာပဲဖြစ်ဖြစ် ကျောချစရာ ရှိရင်ပြီးရောဗျာ ရပါတယ်၊ " ဟုပြောလေသည်..။နောက်တစ်နေ့မနက်ရောက်တော့ Yoongi က လန်းဆန်းစွာ ဆင်းလာသည်ကို တွေ့တော့ မန်နေဂျာက
"ဘယ်လိုလဲ ညက ဟောက်သံ ခံနိုင်ရဲ့လား" ဟု မေးကြည့်သည်။
ထိုအခါ Yoongi က "မဟောက်အောင် ကျွန်တော် လုပ်လိုက်တယ်လေ" ဟု ကျေနပ်စွာဖြင့် ဆိုလာလေရာ
မန်နေဂျာက "ဟာ တယ်ဟုတ်ပါလား နည်းလမ်းလေး မစပါဦး ဆရာရယ်"ဟု စိတ်ဝင်စားစွာဖြင့် မေးလိုက်တော့
Yoongi ပြန်ဖြေလေသည်က
"လွယ်ပါတယ်ဗျာ ကျွန်တော်အခန်းထဲ ရောက်တော့ ကိုယ်တော်ချောလေးက စအိပ်နေပြီ။ ဒါနဲ့ ရောက်ရောက်ချင်းပဲ သူ့အိပ်ရာကိုသွား သူ့ပါးလေးကိုနမ်းပြီး ကောင်းကောင်းအိပ်နော် အချစ်လေး Tae လို့ ပြောလိုက်တာ သူမအိပ်ရဲတော့ဘဲ တစ်ညလုံး ကျွန်တော်အိပ်တာကို ငုတ်တုပ်ထိုင်ကြည့်နေတော့တာပဲ" ဟူ၍။
The End
ခလိန်းကို အနိုင်ကျင့်တာလား ပျော့ ကိုချေ ...:P


ESTÁS LEYENDO
BTS Make Me Smile [ Completed ]
Historia Corta"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။