83. ဇာတ်လမ်းတွဲများအကြောင်း သိကောင်းစရာ

2K 421 235
                                    

တစ်နေ့တော့ နာမည်ကြီး စာရေးဆရာဖြစ်ချင်သူ Park Jimin သည် သူ့ဝတ္ထုကို ထုတ်ဝေပေးနိုင်မည့် ထုတ်ဝေသူရှိရာ ပုံနှိပ်တိုက်တစ်ခုကို သွားပြီး စုံစမ်းလေ၏။

ထိုအခါ ပုံနှိပ်တိုက်ပိုင်ရှင် ဖြစ်သူ Min Yoongi က စာရေးဆရာ Park Jimin ၏ ဗဟုသုတ အရည်အချင်းကို စစ်ဆေးလို၍ ဇာတ်လမ်းတစ်ခု ၀တ္ထုတစ်ပုဒ်ကို မရေးခင် ဇာတ်လမ်းများတိုးတက်လာစေရန် ဆောင်ရန် ရှောင်ရန်အဖြစ် ကိုရီးယားဇာတ်လမ်းတွဲများမှ ဟာသသဖွယ် ဖြစ်နေသော အချက်များကို စာတစ်မျက်နှာခန့် ရေးပြရန် ခိုင်းစေလာရာ Park Jimin သည် ဤကဲ့သို့ ရေးကာ တင်ပြလေ၏..။

၁။ ချမ်းသာပြီး ချောမောသော ယောက်ျားများသည် ပြောချင်ရာပြောတတ်သော ရွက်ကြမ်းရေကျို မိန်းကလေးများကို ကြိုက်လေ့ရှိသည်။

၂။ မိန်းကလေးများ၏ အရင်းနှီးဆုံး ယောက်ျားလေးသူငယ်ချင်းတိုင်းသည် သူမတို့ကို သေချာပေါက် ချစ်လေ့ရှိသည်။

၃။ ညီအစ်ကိုများ၊ သူငယ်ချင်းများ၊ ကျောင်းနေဘက်များ၊ ရန်သူများသည် မိန်းကလေး တစ်ယောက်တည်းကိုသာ စုပြုံကြိုက်လေ့ ရှိသည်။

၎။ စားသောက်ပြီး မရှင်းပဲ ထပြေးသွားခွင့် ရှိသည် (မပြေးခင် တစ်ယောက်ယောက်ကိုတော့ ငိုပြီး ပါးရိုက်ခဲ့ရမည်)။

၅။ လူတိုင်း ကင်ဆာဖြစ်နေကြသည်။

၆။ မိုးရေထဲတွင် ငါးမိနစ်ခန့်နေပါ။ သေချာပေါက် ဖျားမည်။

၇။ ဖျားလျှင် ပူစရာမလို။ ရည်းစားက ကျောပိုးပြီး ဆေးရုံသို့ ပြေးလိမ့်မည်။ (Taxi, car, ambulance ဘာမှ ခေါ်စရာမလို၊ ပြေးတာက ပိုမြန်၏)။

၈။ ချမ်းသာသူ = မကောင်းသောလူ။

၉။ ဆင်းရဲသူ = လွန်စွာရိုးသားဖြူစင်သူ။

၁၀။ မင်းသား၊ မင်းသမီး၏ အစ်ကိုသည် ဘယ်တော့မှ အသုံးမကျ။
အစ်ကိုအရင်းဖြစ်လျှင် ပိုဆိုးသည်။ ရုပ်ချင်းတောင် တစ်စက်မှ မတူ၊ မချော။

၁၁။ စာတကယ်ကြိုးစားရင် နှာခေါင်းသွေးယိုရမည်။

၁၂။ နှာခေါင်းသွေးယိုရင် ကင်ဆာဖြစ်ဖို့ သေချာသလောက် ရှိပြီ။ ခွဲစိတ်မှ အသက်ရှင်မည်။ သို့သော် ခွဲစရာ ပိုက်ဆံ ဘယ်တော့မှ မရှိ။ဆရာဝန်တွေနားမလည်နိုင်သော အကြောင်းများစွာနှင့် ရောဂါချက်ချင်း ကြီးလာမည်။

BTS Make Me Smile [ Completed ]Where stories live. Discover now