Main Cast ~ Kim Namjoon & Kim Tae Hyung
THE END
လူငယ်တစ်ယောက်ဖြစ်သည့် Kim Tae Hyung သည် မကျေမနပ်ဖြင့် ရှေ့နေဖြစ်သူ Kim Namjoon ၏ ရုံးခန်းသို့ ၀င်လာလေသည်...။
"ဒီမှာကြည့်ပါဦးဗျာ...ဆရာ ကျွန်တော့်ကို လွန်ခဲ့တဲ့လ ရှစ်ရက်နေ့က နှစ်ခါဆွေးနွေးလို့ ဆိုပြီး ငွေယူလိုက်တယ်...ကျွန်တော်ဒီကို တစ်ခါပဲလာတာလေ..."
ထိုအခါ ရှေ့နေဖြစ်သူ Namjoon က "လွန်ခဲ့တဲ့ လ ရှစ်ရက်နေ့က ..အဲ့ဒီနေ့က တနင်္လာနေ့လေ.. ကျုပ်မှတ်မိတာ မှန်တယ်ဆိုရင် ..အဲ့ဒီနေ့က မိုးရွာတဲ့နေ့ပဲ" ဟု သွက်သွက်လက်လက်နှင့် ပြန်ပြောလေသည်..။
"ဟုတ်ပါတယ်...မိုးရွာတဲ့နေ့ပါ.." ဟု အမှုသည်ဖြစ်သူ Tae Hyung က ဖြေလိုက်၏
ထိုအချိန်မှာပဲ Namjoon က ပြုံးကာဖြင့် ထပ်ပြောလေသည်က
"အဖြေက အဲမှာရှင်းနေပြီပဲ...ခင်ဗျားထွက်သွားပြီးနောက် ထီးများကျန်ခဲ့မိလား ဆိုပြီး ကျုပ်ကို မေးဖို့ ခင်ဗျား ပြန်ရောက်လာတယ်လေ ... အဲ့တော့ မေးမြန်းဆွေးနွေးမှုက နှစ်ခါ ဖြစ်သွားပါတယ်" ဟူ၍...။
THE END
တခွန်းမှတောင် မမေးရဲ မဆွေးနွေးရဲတော့အောင်ပဲ ရှေ့နေကြီး ခိုခိုဂျွန်းရယ်...:p


YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။