122. မယုံရင်လောင်းမလား

1.6K 284 23
                                    

Main Cast ~ Park Jimin , Kim Tae Hyung & Jeon Jungkook

တစ်နေ့တွင် Jeon Jungkook ဆိုသည့် လူငယ်လေးတစ်ယောက်သည် ငွေထုတ်တစ်ထုပ်ကိုင်ဆွဲလျက် PKJ ဘဏ်သို့ရောက်လာ၏..။ သူက ငွေထုပ်ကို ပြလျက် သိန်း၁၀၀ အပ်နှံလိုကြောင်း၊ ထို့ကြောင့် ဘဏ်ဥက္ကဌ ဖြစ်သူ Kim Tae Hyung နှင့်တွေ့လိုကြောင်း ဧည့်ကြို သို့ပြော၏..။ ထို့ကြောင့် ဧည့်ကြိုက စီစဉ်ပေး၏။

ထို့နောက်

Tae - သိန်း၁၀၀ တောင်...ဘယ်ကရသတုန်း.. အမွေရထားတာလား ဟု စနောက်လိုက်လေသည်..။

Kook - ဟင့်အင်း...မဟုတ်ပါဘူး..လောင်းတာပါ...။

Tae - ဒါဆိုမြင်းပွဲနိုင်လို့ပေါ့

Kook - မဟုတ်ပါဘူး ကျွန်တော်က လူတွေနဲ့ အလောင်းအစားလုပ်တာဗျ...။

ကဲ..ခင်ဗျားမယုံရင် ကျွန်တော်နဲ့ခင်ဗျား လောင်းမယ်လေ... မနက်ဖြန် ၁၀ နာရီ ခင်ဗျားတင်ပါးမှာ ဒဏ်ရာတစ်ခု ရလိမ့်မယ်.. သိန်း ၂၀ ကြေး...ဘယ်လိုလဲ...။

ထိုသို့ kook အပြောမှာ ဘဏ်ဥက္ကကြီး Tae စိတ်ပါလာသည်..။

နိုင်ခြေရှိသည်ကိုး.. ထို့ကြောင့် လောင်းကြေးကို လက်ခံလိုက်လေ၏..။ ထိုနေ့တစ်နေ့လုံး Tae အလုပ်မလုပ် အိမ်မှာပဲနေ၏ ဘယ်မှလဲ မသွားတော့..။

နောက်နေ့ မနက် ရုံးသွားကာနီး ရေချိုးစဉ် သူ့တင်ပါးကို စစ်ဆေး၏..။ အာလုံး အိုကေ..။ ထို့ကြောင့် သူ နိုင်တော့မည်ကို တွေးကာ အူမြူးနေ၏..။

ဤသို့ဖြင့် ချိန်းဆိုထားသည့် ၁၀ နာရီတွင် Jungkook နှင့်အတူ နောက်ထပ် လူငယ်တစ်ယောက်ပါ ပါလာ၏.။ ထိုလူငယ်မှာ Jungkook ၏ မိတ်ဆွေ Park Jimin ဖြစ်ကြောင်းလဲ မိတ်ဆက်ပေးလေသည်..။ပြီးနောက်

Kook - ကဲ...ကျွန်တော်တို့ကိစ္စ ဘယ်လိုလဲ

Tae - ကိုယ့် မှာ ဘာမှမဖြစ်ဘူး... မင်းရှုံးပြီ

Kook - ဒီလို ဘယ်ရမလဲ ... မျက်စိနဲ့မြင်ရမှ ဖြစ်မှာပေါ့

ထိုအခါဝယ် Tae က ဘောင်းဘီကိုလျောချကာ သူ့တင်ပါးကို ပြလေ၏.။ အဲ့အချိန်မှာတော့ Jungkook နှင့် ပါလာသော Jimin မှာ မျက်စိမျက်နှာပျက်ကာ တစ်ဖက်သို့ မျက်နှာလှည့်နေလေသည်..။

BTS Make Me Smile [ Completed ]Where stories live. Discover now