11. လွန်လွန်းတယ်

4.5K 883 85
                                    

Main Cast -

Bang Shihyuk (တစ်ကိုယ်တော် ပါပါး )

တစ်ခါက ကိုယ်ပိုင်ကျောင်းတစ်ကျောင်းသည် သူ့ကျောင်းအတွက် ၊ သူ့ကျောင်းတွင် နေဖူးသော ကျောင်းသူ/ကျောင်းသားဟောင်းများထံ (ရံပုံငွေ) တောင်းခံလွှာများကို မကြာခဏ ပို့လေ့ရှိသည်။ ကျောင်းနေစဉ်က ပေးထားခဲ့သည့် လိပ်စာအတိုင်း စာတိုက်မှ ပေးပို့နေခြင်း ဖြစ်သည်။

"ကျောင်းအုပ်ဆရာကြီး၏ ပုံတူပန်းပုရုပ်ကြီး ပြုလုပ်ရန်"

"ကျောင်းဆောင်ရှေ့ ပန်းခြံကြီး ပြုလုပ်ရန်"

"ဆင်းရဲချို့တဲ့သော ကျောင်းသူကျောင်းသားများအတွက် စာအုပ်စာတမ်းများ ၀ယ်ပေးလှူရန်"

စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးနှင့် တောင်းခံလေ့ရှိသည်။ ထို့အပြင် တောင်းခံလိုက်သော ရံပုံငွေကို မထည့်မလှူမချင်း ခဏခဏတောင်းခံလွှာပေးပို့ကာ တောင်းခံလေ့ရှိသည်။

Bang Shihyuk ဆိုသော အမျိုးသားသည် ကျောင်းက ထွက်လာပြီးနောက် နှစ်ပေါင်းသုံးဆယ်တိတိ ထိုသို့သော တောင်းခံလွှာများကို မကြာခဏရရှိနေကာ မကြာခဏပေးလှူနေရသောကြောင့် စိတ်ပျက်လာသည်။

ထို့ကြောင့် Bang သည် နောက်ဆုံး ရရှိသည့် အလှူငွေတောင်းခံလွှာတွင်မူ "သေဆုံးသွားပါပြီ" ဟု မှတ်ချက်ရေးကာ ပြန်ပို့လိုက်လေသည်။

Bang မှာ ထိုသို့ပို့ပြီးသောအခါ နောက်ထပ်အလှူငွေတောင်းခံလွှာ ရောက်လာတော့မှာ မဟုတ်ဟု ထင်ကာ သူ့လုပ်ရက်အတွက် အကျေနပ်ကြီး ကျေနပ်နေလေသည်။

သို့သော်

သိပ်မကြာခင်ကာလမှာဖြင့် သူ့ထံသို့ ငွေတောင်းခံလွှာတစ်စောင် ရောက်ရှိလာပြန်လေသည်။

ထိုတောင်းခံလွှာတွင်မူ -

လူကြီးမင်းခင်ဗျား

ကျွန်တော်များ ကျောင်းမှ ထူးချွန်စွာ အောင်မြင်သွားခဲ့ပြီး "Seven Angel Company" ပိုင်ရှင်ကြီး ဖြစ်သွားခဲ့ကာ ယခုမူ ကောင်းကင်ဘုံတွင် ထာဝရအိပ်စက်အနားယူသွားပြီဖြစ်ပါသော Bang Shihyuk အား ဂုဏ်ပြုကျောက်တိုင် စိုက်ထူရန် ရံပုံငွေ ထည့်ဝင်လှူဒါန်းပါခင်ဗျား ။

BTS Make Me Smile [ Completed ]Where stories live. Discover now