7. နောင်ရေးကို တွေးမိလို့

5.7K 1.2K 248
                                    

Main Cast ~

✌✌ Bang Pa Pa & ARMY

တစ်ခါက မီးရထားပေါ်တွင် အသက် ၅၀ ခန့် ရှိသည့် Bang Shiyuk ဟူသော ခန့်ညားသည့် အမျိုးသားတစ်ယောက်သည် အထက်တန်းတွဲကနေ စီးနင်း လိုက်ပါလာသည် ။

အဲ့ဒီအချိန်မှာ ဘေးနားတွင် ငယ်ရွယ်ပြီး ချစ်စဖွယ်ကောင်းသည့် ARMY ဆိုသော မိန်းမပျိုလေးတစ်ယောက်ကလဲ မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရင်း လိုက်ပါလာရာကနေ တခုခုကို သိလိုသည့်ဟန်ဖြင့် ထို အမျိုးသားဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"Arjushi ဘယ်နှစ်နာရီ ရှိနေပြီလဲ ၊ သမီးနာရီက မချိန်မမှန်လို့ တိုက်ချင်လို့ပါ"

ထိုအခိုက် Bang က ARMY ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး

"ဘာလို့ ပြောရမှာလဲကွ " ဟု ဆိုလိုက်လေသည်။

ထိုအခါ ARMY လေး စိတ်ထဲဝယ် မကျေမနပ်ဖြစ်သွားတယ် ။ ဒါ့ကြောင့်

"Arjushi ရယ် နာရီလေး ပြောရမှာ ဘယ်လောက်များ ပင်ပန်းလို့လဲ ၊ ငါ့တူမလေးရေ ဘယ်နှစ်နာရီ ထိုးပြီဟေ့ ဆိုလိုက်ရင် ပြီးသွားမဲ့ ကိစ္စကို " ဟု ခွန်းတုန့်ပြန်လိုက်လေသည် ။

အဲ့တော့ Bang က သူ့လက်ထဲက သတင်းစာကို ပိတ်လိုက်ပြီး

"မပြောနိုင်ဘူးကွ ၊ မပြောနိုင်ဘူး"

"မင်းက ငါ့ကို အချိန်မေးလို့ ငါကဖြေလိုက်ရင် မင်းက ကျေးဇူးပဲဆိုပြီး ပြုံးမယ် ၊ မသိမသာ မိတ်ဆွေ ဖြစ်သွားမယ်၊ နောက်တော့ မင်းက မင်းရဲ့ မဂ္ဂဇင်းစာအုပ်ကို ငါ့ကို ပေးပြီး ငါ့ဆီက သတင်းစာကို မင်းယူဖတ်မယ်"

"ငါကလဲ အားနာပြီး ပေးလိုက်မယ်ဆိုရင် နောက်ဘူတာကျတော့ ငါက လက်ဖက်ရည် ၀ယ်သောက်တဲ့အခါ လူမှုရေးအရ ဆိုပြီး သောက်ပါဦးလား တူမလေးရယ် လို့ တိုက်ရတော့မယ် "

"ငါက အဲ့သလို တိုက်ထားတဲ့အတွက် နောက်ဘူတာရောက်တော့ ထမင်းစားတဲ့အခါ Arjushi စားပါဦး လို့ မင်းက အတင်းကျွေးမယ်၊ ငါကလဲ အားနာပြီး စားမိမယ် "

"ထမင်းစားပြီးတာနဲ့ မင်းက မင်းဘယ်မှာနေပါတယ် ၊ ဘာအလုပ်လုပ်ပါတယ်လို့ ပြောပြပြီး Arjushi ရော ဘယ်အရပ်မှာနေပါသလဲလို့ မေးမယ် "

BTS Make Me Smile [ Completed ]Where stories live. Discover now