17. ကြိုတင်သတိပေးခြင်း

3.7K 1K 104
                                    

Main Cast -
✌✌Jung Hoseok & Kim Tae Hyung

Kim Tae Hyung ဆိုသည့် လူငယ်လေးသည် မိဘအမွေလုပ်ငန်းကို ဆက်ခံသည့်အနေဖြင့် Daegu မြို့တွင် ပန်းပျိုးခြံတစ်ခုကို စိုက်ပျိုးလုပ်ကိုင်လျက် ပန်းမျိုးစုံ ထုံသင်းမွှေးပျံ့နေသော ခြံအတွင်း ပျော်ရွှင်ငြိမ်းအေးစွာဖြင့် နေထိုင်လေသည်။

တနေ့သ၌

မီးသတ်ဌာနမှ အရေးပေါ် တယ်လီဖုန်းသည် ကျယ်လောင်စွာ ထမြည်လာလေသည်။

ထို့ကြောင့် မီးသတ်အရာရှိဖြစ်သူ Jung Hoseok က ဖုန်းကို ကောက်ကိုင်လိုက်ပြီး

Hope - "ဟုတ်ကဲ့ အမိန့်ရှိပါ ၊ Jung Hoseok ပြောနေပါတယ်"

ထိုကဲ့သို့ ပြောလိုက်ချိန်တွင် တဖက်လူမှ

Tae - "မီးသတ်ဌာနက ဟုတ်ပါသလား"

Hope - "ဟုတ်ပါတယ်"

Tae - "မြို့အစွန်က V ဆိုတဲ့ ပန်းပျိုးခြံ ကို သိပါသလား"

Hope - "ဟုတ်ကဲ့ သိပါတယ်"

Tae - "ကျွန်တော်က ပန်းပျိုးခြံ ပိုင်ရှင် Kim Tae Hyung ပါ"

Hope - "အော် ဟုတ်ကဲ့ပါ ခဗျ"

Tae - "ကျွန်တော့် ပန်းခြံထဲမှာ နှင်းဆီ ၊ သစ်ခွ ၊ အင်ကြင်း ၊ စံပယ် ၊ ဂန္ဓမာ အစပြုလို့ နိုင်ငံခြားဖြစ် ပန်းမျိုးစုံကို စုံစုံလင်လင်နဲ့ စိုက်ပျိုးထားပါတယ်"

"ပြီးတော့ ပန်းလေးတွေက အရမ်းလှပြီး ပန်းရနံ့ကလဲ ခြံအတွင်းကို သင်းနေတာပါပဲ ကျွန်တော် သေချာ ပေါင်းသင်ပြီး မြေဆီ၊ မြေသြဇာကောင်းကောင်းနဲ့ ပျိုးထောင်ထားလို့လဲ ပါတာပေါ့ "

Hope - "ညီလေး ခု ဆက်နေတာ မီးသတ်ဌာနနော်၊ လယ်စိုက်ရှင်းရုံး မဟုတ်ဘူး ၊ မြေသြဇာတို့ ပိုးသတ်ဆေးတို့ လိုချင်ရင် စိုက်ပျိုးရေးရုံးကို ဖုန်းဆက်ပါ "

Hoseok စကားပြောနေသည့် ပုံစံမှာ အနည်းငယ် စိတ်ရှုပ်သွားသယောင်။

Tae - "ဟုတ် ကျွန်တော် သိပါတယ် ၊ မီးသတ်ဌာနကိုပဲ ဆက်တာပါ ၊ ကျွန်တော့်ရဲ့ ပန်းပျိုးခြံ အခြေအနေကို သိစေချင်လို့ပါ ၊ အပင်တွေအားလုံး အောင်အောင်မြင်မြင်ဖြစ်ထွန်းနေတယ် ၊ တနေ့တနေ့ကို ၀င်ငွေကလဲ အရမ်းကောင်းပါတယ် "

BTS Make Me Smile [ Completed ]Donde viven las historias. Descúbrelo ahora