Facebook မှာတွေ့မိလိုက်တဲ့ ဟာသတစ်ခုကို Main Character နေရာမှာ Hoseok သာဆို ဘယ်လိုနေမလဲ တွေးကြည့်မိပြီး အခုကဲ့သို့ ပြန်လည်ဖန်တီးကြည့်လိုက်ရပါတယ် ။ 😂😂
ဖတ်ရှုခံစားကြည့်ကြပါဦးနော် 😁😍😍
Main Cast ~
✌✌Jung Hoseok & Kim Tae Hyung
ညအချိန်မတော် တညဝယ်.. Jung Hoseok ဆိုတဲ့ လူငယ်လေးတစ်ယောက် Company ညစာစားပွဲမှနေ အနည်းငယ်
သောက်စားလာသည်မို့ ခပ်ထွေထွေလေး ရစ်မူးလျက် ငိုက်စိုက်ငိုက်စိုက်ဖြင့် သူ့အိမ်ရှိရာဆီသို့ လမ်းလျှောက်ပြန်လာလေ၏။ည ၁ နာရီလောက်ဖြစ်ပြီး မိုးကလဲ ဖွဲဖွဲရွာနေသည်၊
ထို့ကြောင့် Hoseok ခဗျာ ထီးလေးဆောင်းပြီး
မကြွတကြွဖစ်နေတဲ့ ခြေလှမ်းတွေကို ခပ်သုတ်သုတ်ဖြစ်အောင် အသော့နှင်လေ၏။သူနေထိုင်ရာ ရပ်ကွက်နားရောက်ဖို့ ၂ပြလောက်ရောက်တော့ လမ်းမီးက နီကျင်ကျင်နဲ့။
သို့သော် ကံဆိုးချင်တော့ မီးတိုင်ကို အကျော်မှာ
သူ့နောက်ကနေ အရိပ်တစ်ခု
ကပ်လိုက်လာတာကို တွေ့လိုက်မိသတဲ့။အရိပ်က...လူက ကလေးကိုယ်လုံး၊
ခေါင်းကြီးက အကြီးကြီးဆိုပဲ။ထို့ကြောင့် Hoseok ခဗျာ မျက်လုံးမျက်ဆံပြူးကာ အမူးပါပျောက်သွားပြီး ခေါင်းနပမ်းကြီးရင်း စဉ်းစားခန်းဝင်လေ၏။
ခေါင်းဒီလောက် အကြီးကြီးကို
ထိန်းလျှောက်နိုင်တဲ့ ကလေး ဆိုတာ
လူဖြစ်နိုင်ပါ့မလား။တွေးရင်း တွေးရင်း ကြက်သီးတွေ ထလာရှာလေ၏။
လမ်းမမှာ ကားတစ်စီးတစ်လေများ တွေ့မလားဆိုတော့လည်း လုံးဝရှင်းလို့။
ထို့ကြောင့် သူ့ခြေလှမ်းတွေကို မပြေးရုံတမယ် သွက်သွက် လျှောက်တော့သည်။
စောနက မူးမူးနဲ့ ကြွမရခဲ့တဲ့ ခြေလှမ်းတွေက အခုကျတော့လဲ
ခြေထောက်မှာ စကိတ်တပ်ပေးလိုက်တဲ့အလား။
ESTÁS LEYENDO
BTS Make Me Smile [ Completed ]
Historia Corta"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။