60. ကြင်နာတတ်လွန်းသူ

2.2K 517 81
                                    

Main Cast ~ Min Yoongi & Park Jimin

တစ်နေ့မှာ Min Yoongi ဆိုတဲ့ လူငယ် တစ်ယောက်ဟာ သူ့ရဲ့ ချစ်သူ Park Jimin နဲ့အတူ ကားတစီးဖြင့် နှစ်ယောက်အတူ ခရီးတခုကို သွားပြီးနောက် Seoul သို့ ပြန်လာခဲ့ရာမှ တစ်နေရာအရောက်မှာတော့ လမ်းဘေးတွင် လူတစ်ယောက်
မြက်တွေကို စားနေတာကို တွေ့လိုက်မိလေသည် ။

အဲဒါနဲ့ Yoongi က Jimin ကို
ကားရပ်ခိုင်းလိုက်တယ်။ ပြီးနောက် အပြင်ကို ထွက်ပြီး မြက်စားနေတဲ့လူကို အခုလိုပဲ မေးပါတယ်။

Yoongi - "ဟေ့လူ....ခင်ဗျား ဘာလို့ မြက်တွေကို စားနေတာလဲ။"
Man - "ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ တခြားဟာ ဘာကိုမှစားဖို့ မတတ်နိုင်လို့ပါ။" လို့
အဲဒီလူက ဖြေပါတယ်။

အဲ့ဒီတော့
"သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။" လို့ Yoongi က ခေါ်လိုက်ပါတယ်။

ထိုအခါ အဲဒီလူက ၀မ်းသာအားရနဲ့ "ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိပါသေးတယ် သူတို့ကိုပါ ခေါ်လို့ရမလား " လို့ မေးတော့
Yoongi က သူတို့ကိုပါ ခေါ်ခဲ့ဖို့ ခွင့်ပြုလိုက်တယ်။

အဲ့လိုကနေ သူတို့ အားလုံးကားထဲကို ရောက်တော့
မြက်စားနေခဲ့တဲ့လူက
"ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အကိုလေးဟာ
အလွန်ကြင်နာတတ်တဲ့သူပဲ။" လို့ Yoongi ကို ပြောလာလေတယ်။

ထိုအခါဝယ် Yoongi က စကားတစ်ခွန်းကို အခုလိုပဲပြန်ပြောလိုက်ပါတယ်...။

ဒါပေမဲ့ Yoongi ပြောတဲ့ စကားကြားပီးနောက်မှာတော့ အနှီကားပေါ်က မိသားစုဟာ Yoongi အိမ်ကိုပဲဆက်ပီးလိုက်သွားရမလား ကားပေါ်ကပဲ ခုန်ဆင်းပြေးရလေမလား အတွေးများကုန်ကြပါတော့တယ်။

အဘယ်ကြောင့်ဆိုသော် ခပ်ပြုံးပြုံးလုပ်ကာဖြင့် Yoongi ပြောလာလေသည်က

"ရပါတယ်ကွာ..မင်းမပြောလဲ ငါကြင်နာတတ်မှန်း လူတိုင်းသိပါတယ်..။ ပြီးတော့ အိမ်ရောက်ရင်လဲ မင်းသဘောကျမှာ သေချာပါတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁ ပေလောက်ရှည်တယ်"

ဟူ၍။

THE END

_____________________________

BTS Make Me Smile [ Completed ]Where stories live. Discover now