63. သိပြီလား

2K 443 66
                                    

အပိုင်းသစ် Update မလုပ်တော့ဘူး ပြောထားခဲ့ပေမဲ့ ဒါလေးတော့ အရမ်းတွေ up ချင်စိတ်ပေါ်လာလို့ ခ်ခ် ☺☺😁😁😁

Main Cast ~ Kim Tae Hyung & Jeon Jung Kook

ညားကာစ လူငယ်စုံတွဲဖြစ်သူ Kim Tae Hyung နဲ့ Jeon Jung Kook တို့သည် ဆိတ်ငြိမ်အေးချမ်းသည့် ရပ်ကွက်တစ်ခုတွင် အခြေချနေထိုင်ကြပြီးသည့်နောက်ပိုင်း မနက်ခင်းတစ်ခုတွင် သူတို့ထံသို့ ပို့လိုက်လေသည့် ပါဆယ်ထုတ်တစ်ထုပ်ကို လက်ခံရရှိလေသည်..။

ထို ပါဆယ်ထုတ်ထဲတွင်တော့ "Hello...Big Surprise ... ဒါ ဘယ်သူ ပို့လိုက်တယ် ထင်လဲ ၊ မှန်းကြည့်ပါ"

ဟုရေးထားတော့ စာရွက်နှင့်အတူ ကမ္ဘာကျော် Idol များဖြစ်သော BTS အဖွဲ့၏ Concert ကြည့်ရန်အတွက် လက်မှတ် ၂ စောင်ပါ ပါဝင်လေ၏။

ထို့ကြောင့် နှစ်ယောက်သား ဘယ်သူပို့တယ်လဲ စိတ်မ၀င်စားအား ၀မ်းသာအားရဖြင့်သာ သူတို့ကြည့်ချင်နေကြသည့် BTS အဖွဲ့၏ Concert သို့ သွားကြည့်ကြလေ၏။ စိတ်ထဲတွင်တော့ သူတို့ အသိမိတ်ဆွေတစ်ယောက်ယောက်က Surprise လုပ်တာဖြစ်မယ်ဟုသာ တွေးထင်ထားကြ၏။

ထိုသို့ Concert သွားကြည့်သည့် ညနေတွင် သူတို့နှစ်ယောက်သည် Concert မှ အိမ်အပြန်သို့ နောက်ကျလေသည်...။

သို့သော် အိမ်ထဲဝင်ဝင်ချင်းတွင်ပဲ တအိမ်လုံး ဖရိုဖရဲဖြင့် မွှေနှောက်ရှာထားခံရပုံပေါက်ကာ အိမ်၌ရှိသမျှ အဖိုးတန်ပစ္စည်း အားလုံး မရှိလေတော့၍ နှစ်ယောက်လုံး မျက်လုံးပြူးကာ အံ့သြသင့်ကုန်ကြလေသည်..။

ထို့အတူ ပိုမိုအံသြသင့်စေတာကတော့ ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် တွေ့ရလေသော စာတစ်စောင်ကြောင့်ပင်....။

စာပေါ်တွင် ရေးထားတာကတော့

"Hello Big Surprise ... ကဲ အခုတော့ ဘယ်သူ ပို့လိုက်တယ်ဆိုတာ သိပြီမဟုတ်လား "

ပုံ / ချစ်လှစွာသောသူခိုး

ဟူ၍ဖြစ်လေသတည်း...။

THE END

---------------------------------------

ကလေးတို့ရော ထို Surprise မျိုး လိုချင်လားဟင် ဟိ 😂😂😂

ဒီ Book လေးကို သဘောကျရဲ့လား ၊ 😍😍

သဘောကျတယ်ဆိုရင် လက်ဝယ်အပိုင် အမှတ်တရသိမ်းထားနိုင်စေဖို့အတွက် စာအုပ် ​Order မှာဖို့ မေ့ရဘူးနော်..

BTS Make Me Smile [ Completed ]Where stories live. Discover now