Main Cast ~
✌✌ Park Jimin & Jung Hoseok
တစ်နေ့တွင်တော့ စာရေးစာဖတ်တာ အလွန်ဝါသနာပါသော Park Jimin ဆိုသည့် လူငယ်လေးသည် သူအရမ်းနှစ်သက် လေးစားအားကျရသည့် လျို့ဝှက်သည်းဖို တစ္ဆေ သရဲ ထိပ်တန်း စာရေးဆရာကြီး Jung Hoseok ရဲ့ လိပ်စာကို အမှတ်မထင် ရရှိခဲ့လိုက်သည်မို့ စာရေးဆရာကြီးရဲ့ သတ္တိရော ပညာကိုရော အားကျနေသူပီပီ ဆရာ့ဆီ တပည့်ခံ ပညာသင်ယူခွင့် ရရန် သွားလေတော့သည်။
အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသောအခါ အိမ်အကူ ကောင်လေး တစ်ယောက်က တံခါးလာဖွင့်ပေး၏ ။
"ဒီဟာက လျို့ဝှက်သည်းဖို စာရေးဆရာကြီးရဲ့ အိမ်ဟုတ်ပါသလား ခဗျာ"
Jimin မေးလိုက်တော့ ထိုကောင်လေးက မှန်ကန်ကြောင်း ပြောပြီး
"Jimin က ဆရာကြီးနှင့် တွေ့လိုသည်"
ဟုဆိုသောကြောင့် အိမ်အတွင်းသို့ ခေါ်သွားလေတော့၏ ။
ထို့နောက် အိမ်ထဲသို့ ရောက်သွားသောအခါ Jimin ဦးစွာတွေ့မိသည်မှာ
ထိုင်ခုံပေါ်တွင် ဖရိုဖရဲ ထိုင်နေပြီး မျက်နှာလေးသာဖော်ကာ စောင်ခေါင်းမြှီးခြုံလျက် အနေအထားဖြင့် ကတုန်ကယင်ဖြစ်နေသော သူတစ်ယောက်ကို။
စားပွဲပေါ်တွင်လဲ စာအုပ်တွေက ပြန့်ကျဲလို့ ။
"အဲ့ဒါ စာရေးဆရာကြီး Jung Hoseok မဟုတ်လား" စိုးရိမ်တကြီးဖြင့် Jimin မေးလိုက်တော့
"ဟုတ်ပါတယ် ခဗျ" ဟု အိမ်အကူကောင်လေးကလဲ ဖြေလေ၏ ။
"ဒါနဲ့ ဆရာကြီးက တကိုယ်လုံး တုန်နေပါ့လား ၊ နေမကောင်းလို့လားဟင်"
ထိုသို့ Jimin မေးခွန်းအဆုံး ပြန်ဖြေလာတဲ့ ကောင်လေးစကားကြောင့် Jimin ခဗျာ မျက်လုံးမျက်ဆံပြူးကာ တအံ့တသြဖြစ်ပြီး ထပဲပြန်ပြေးရမဲ့ပုံ ပေါက်သွားပါလေတော့တယ်။
အဘယ့်ကြောင့်ဆိုသော်
ကောင်လေးပြောလိုက်သည်က
" ဆရာကြီး Hoseok က နေမကောင်းတာ မဟုတ်ပါဘူး ၊ ခုလေးတင် စုန်း ကဝေ သရဲ သွေးစုတ်ဖုတ်ကောင် ၀တ္ထုတွေ ရေးရင်း ကြောက်နေလို့ပါ "
![](https://img.wattpad.com/cover/145667010-288-k310079.jpg)
BẠN ĐANG ĐỌC
BTS Make Me Smile [ Completed ]
Truyện Ngắn"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။