93. ဒီလိုဖြစ်မယ်

1.4K 382 22
                                    

Main Cast ~ Jung Hoseok & Kim Tae Hyung

၅ နှစ်သားအရွယ်လေး Kim Tae Hyung ဟာ ဖြတ်ထိုးညဏ် သိပ်ကောင်းပြီး ကပေါက်တိကပေါက်ချာတွေလဲ ပြောတတ်သလို ပျော်ပျော်နေတတ် ဆော့တတ်စားတတ်တဲ့ ကလေးလေးဖြစ်သတဲ့.....။

တနေ့တော့ သူတို့ရဲ့ ဆရာဖြစ်တဲ့ Jung Hoseok ဟာ သူ့တပည့်လေးတွေကို ဗဟုသုတလဲရအောင် တွေးခေါ်နိုင်စွမ်းရည်တွေကိုလဲ မြင့်တက်လာအောင် ဥာဏ်စမ်းအမေးအဖြေလေးတွေ ထုတ်ပြီး မေးလေတယ်....။

Hoseok - "ဂါဝန်အဖြူလေးဝတ်ထားတဲ့ ကတုံးမလေးကို ဟိုလူက ပုတ်ထုတ်လိုက် ဒီလူကပုတ်ထုတ်လိုက်နဲ့ လုပ်နေကြတာ အာ့ဘာပစ္စည်းလဲ သိလား.....?"

တပည့်များ - " ကြက်တောင်ပါ"

ထိုသို့ တညီတညွတ်ထဲ ဖြေကြတော့ သူ့တပည့်တွေ မဆိုးဘူး ဟု တွေးမိသွားသည်....။

အဲ့ဒါကြောင့် နည်းနည်း ပိုပြီး တွေးရမဲ့ ခက်ခဲတဲ့ မေးခွန်းမျိုးကို မေးရန်ကြံပြီး ဤသို့မေးလေ၏။

Hoseok - "တကယ်လို့ ဆရာတို့ လျှပ်စစ်မီးကိုသာ မတီထွင်ခဲ့ဖူးဆိုရင် ဘာဖြစ်နိုင်မလဲ"

တပည့်များ - "အမှောင်ထဲမှာသာ နေရမှာပါ"

Hoseok က ထိုရိုးရှင်းလွန်းတဲ့ အဖြေကို သိပ်မကြိုက်တော့ ကပေါက်တိကပေါက်ချာတွေ ဖြေတတ်တဲ့ သူ့တပည့်ကျော်လေး Tae Hyung ကို ထပ်မေးလိုက်လေသတဲ့...။

Hoseok - "တကယ်လို့ ဆရာတို့ လျှပ်စစ်မီးကိုသာ မတီထွင်ခဲ့ဖူးဆိုရင် ဘာဖြစ်နိုင်မလဲ TaeHyung"

ထိုအခါမှာတော့ Tae Hyung လေးက ခေါင်းကုတ်တင်ကုတ်လုပ်ကာ တွေးပြီးနောက် ဖြေလိုက်လေသည်က

Tae - "တယ်လီဗီးရှင်းကို ဖယောင်းတိုင်မီးနဲ့ ကြည့်ဖို့ဖြစ်လာမှာပါဆရာ"

ဟူ၍။

The END

The END

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.
BTS Make Me Smile [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ