89. အကွက်ကျလွန်းတယ်

1.6K 327 46
                                    

Main Cast ~ Min Yoongi & Kim Seok Jin

သူငယ်ချင်းတွေဖြစ်တဲ့ Min Yoongi နဲ့ Kim Seok Jin ဟာ နှစ်ပေါင်းများစွာ မတွေ့ကြရာက ပြန်တွေ့ဖြစ်ကြတဲ့အခါမှာ စကားတွေ အများကြီးပြောဖြစ်ကြပါတယ်။

ပြောင်းလဲလာတဲ့ သူတို့ရဲ့ ဘ၀တွေအကြောင်းကိုလည်း အပြန်အလှန်ပြောပြကြပါတယ်။

နောက်ဆုံးမှာတော့ စကားစလဲ မပြတ်​​သေး​​တော့
Yoongi ဟာ သူ့တိုက်ခန်းသစ်ကို လာလည်ရင်း ​​လေ​ပေါဖို့ Jin ကို ဖိတ်လိုက်ပါတယ်။

"ကောင်းတာပေါ့ကွာ။ ပြောပါဦး။ မင်း ဘယ်မှာနေသလဲ"လို့ Jin က ပြန်ပြောလိုက်ပါတယ်။

"ဒီမှာ လိပ်စာ။ တိုက်ခန်းနောက်ဘက်မှာ ကားပါကင်တွေ အများကြီးရှိတယ်။

ပြီး​တော့

အဲဒီမှာ ကားရပ်ပြီး ရှေ့ဘက်မျက်နှာစာကို လျှောက်လာခဲ့။ တံခါးကို ခြေထောက်နဲ့ ကန်ပြီး ဖွင့်လိုက်၊ ဓာတ်လှေကားဆီသွား၊ ခလုတ်ကို ဘယ်ဘက်တံတောင်ဆစ်နဲ့ နှိပ်လိုက်၊ ​နောက်ပြီးေ​တာ့ အထဲဝင်။
ခြောက်လွှာကို
ရောက်ပြီဆိုရင် ငါ့နာမည်ရေးထားတဲ့ တံခါးကို တွေ့တဲ့အထိ ခန်းမကြီးအတိုင်း လျှောက်လာလိုက်၊
တံခါးဘဲလ်ကို ညာဘက်တံတောင်နဲ့ နှိပ်လိုက်။ ဒီလိုဆိုရင် မင်းအခန်းထဲ ရောက်ပြီ"လို့ Yoongi က
ပြောလိုက်ပါတယ်။

ထိုအခါ Jin က တအံ့တသြနဲ့

"လိပ်စာကတော့ ဟုတ်ပါပီ... ဒါပေမဲ့ ပြောစမ်းပါဦး.. ငါက ဘာဖြစ်လို့ တံခါးကို ခြေထောက်နဲ့ ကန်ပြီး
ခလုတ်တွေကို တံတောင်ဆစ်တွေနဲ့ ဘာဖြစ်လို့ နှိပ်ရမှာလဲ"လို့ မေးလိုက်ပါတယ်။

ထိုအချိန်ဝယ် Yoongi ပြန်ဖြေတဲ့စကားကြားပီး Jin ခဗျာ ပါးစပ်​အ​ဟောင်းသားဖြစ်​သွားတယ်​ ။

အဘယ့်​​ကြောင့်​ဆို​သော်​ Yoongi ​ပြောလိုက်​သည်​က

"ဪ.. ဒါလား.. မင်း ငါ့အိမ် လာရင် လက်ဗလာနဲ့ လာမှာ မဟုတ်ဘူးလေ။
လက်ဆောင်ပစ္စည်းတွေ မနိုင်မနင်း သယ်လာမှာ မဟုတ်လား... အဲ့ဒါ​ကြောင့်​ပါကွာ"

ဟူ၍...။

The End

အချေအိမ်သွားလည်ရမှာတောင် ခပ်ကြောက်ကြောက်... စကားနဲ့ ချည်ပြီးတုတ်ပြီး လက်ဆောင်သယ်လာဖို့ တခါပဲပြောပြီးသားနော် 😂😂

BTS Make Me Smile [ Completed ]Where stories live. Discover now