29. ထိုသားအဖတစ်တွေ

3K 775 104
                                    

Main Cast ~ ✌Kim Namjoon
✌Kim Seok Jin
✌Jeon Jungkook

ငါးနှစ်သားအရွယ်ဖြစ်သော Jungkook လေးသည် ဥာဏ်ကောင်းသော ကလေးပီပီ အလွန် သိလိုစိတ်များပီး စပ်စုတတ်ကာ ကပေါက်တိ ကပေါက်ချာ မေးခွန်းများကို မေးတတ်လေ၏ ။

ထို့ကြောင့် Jungkook ၏ စပ်စုခြင်းဒဏ်ကို အခံရဆုံးသူများကတော့ သူ၏ အဖေနှစ်ယောက်ဖြစ်သော Daddy Kim Namjoon နှင့် Appa Kim Seok Jin ပင်။

အဖေနှစ်ယောက်ကလဲ Jungkook မေးခွန်းမေးပါများလေတော့ ကြာလာတော့လည်း အဖြေမှန်က နည်းနည်း သူတို့ထင်ရာမြင်ရာတွေသာ လျှောက်ကာ ဖြေကြတာက များများဖြစ်လာလေ၏ ။

အဘယ်သို့ မေးခွန်းတွေ ထုတ်သလဲ ဆိုသော် အောက်ပါ အတိုင်းသာ ဖြစ်လေ၏ ။

တခါက Jungkook နှင့် Appa Jin ပန်းခြံထဲ လျှောက်လည်ရင်း လူတယောက် ပုံဆွဲနေတာကို မြင်လေတော့ Jungkook က ဤသို့ မေးလေ၏။

"ဟိုလူကြီးက မြက်ခင်းပြင်ပေါ်ထိုင်ပီး ဘာလို့ ပုံတွေ လျှောက်ဆွဲနေတာလဲဟင် Appa"

ထိုအခါ Appa jin ဖြေလေသည်က

"အဲ့ဒါ ရှုမျှော်ခင်းပုံကို ပန်းချီဆွဲနေတာ သားရဲ့။ ကင်မရာ မ၀ယ်နိုင်တော့လဲ ခုလို အပင်ပန်းခံရတာပေါ့ သားရယ်"

ဟူသတည်း။

ထို့အတူ Daddy Namjoon နှင့်လည်း ဤကဲ့သို့ပင်။

"ခွဲစိတ်ခန်းထဲ ၀င်တဲ့အခါ ဆရာဝန်တွေက ဘာဖြစ်လို့ သူတို့မျက်နှာကို အ၀တ်တွေအုပ်ထားကြတာလဲဟင် Daddy" ဟု Jungkook မေးလေတုန်းက

ထိုမေးခွန်းကို Namjoon ဖြေပုံမှာ

"မတော်တဆ ခြေချော်လက်ချော်ဖြစ်သွားရင် သူတို့ကို မမှတ်မိအောင်လို့ နေမှာပေါ့ သားရယ်"

ဟူ၍ ။

တတ်လဲတတ်နိုင်လွန်းကြသော Daddy Kim Namjoon နှင့် Appa Kim Seok Jin ပင်။

တနေ့တွင်တော့

Jungkook မှာ ကျောင်းတွင် သူ့ကြားလာခဲ့သော စာနှင့်ပက်သက်ပြီး

"Appa နဲ့ Daddy ...
ကျောင်းက အတန်းကြီး အကိုကြီးတွေ ပြောနေတာ သူတို့ ဆရာမက အိမ်စာထဲမှာ ဘုံဆခွဲကိန်း အငယ်ဆုံး အကြောင်း မေးထားလို့တဲ့ အာ့အဖြေက ဘာလဲဟင် သိလား"

BTS Make Me Smile [ Completed ]Where stories live. Discover now