4. ကြည့်မှာပေါ့

8.8K 1.7K 262
                                    

Main Cast ~ Kim Namjoon, Kim Seok Jin, Jeon Jung Kook

တစ်နေ့သ၌ EJ Hostial ၏ ဆေးရုံအုပ်ဖြစ်သူ Kim Seok Jin သည် သူ့မိတ်ဆွေ Jeon Namjoon ၏ ဖိတ်ကြားမှုဖြင့် ၎င်း၏ အိမ်သို့ ညစာ သွားကာ စားလေသည်။

Jeon Namjoon ၏ သားငယ် Jeon Jung Kook သည် ငါးနှစ်သားအရွယ်ဖြစ်ကာ စကားအလွန်တတ်ပြီး ချစ်စဖွယ်ကောင်းလေသည် ။

ထမင်းစားခန်းသို့ မ၀င်မှီကာလ ဧည့်ခန်းအတွင်း ထိုင်ရင်းနှင့်လည်း ထိုကလေးငယ်၏ တီတီတာတာ စကားလေးများ နားဆင်ရင်းဖြင့်သာ အလွန်သဘောကျ နှစ်ခြိုက်နေမိသည် ။

သူငယ်ချင်းဖြစ်သူ Jeon Namjoon နှင့် ချွတ်စွပ်တူသော သားဟုသာ အကြိမ်ကြိမ် မှတ်ချက် ချနေမိသည် ဆိုလဲ မမှား ။

Joon အနေဖြင့်လည်း သူ့သားငယ်ကို မိခင်မရှိတော့သည့် မိတဆိုးသားလေးမို့ ငုံထားမတတ်ချစ်ပုံရသည် ။

ထို့နောက် ညစာစားသောအခါတွင်လည်း
အစားအသောက်များကို မြိန်ရေရှက်ရေ စားသုံးရင်း မတွေ့တာကြာပြီ ဖြစ်သည့် သူငယ်ချင်းချင်း စကားလေးပေါလိုက် အစားလေးစားလိုက်ဖြင့် စကားလက်ဆုံကျနေမိပြန်သေးသည်။

ထို့အတူ အစားအစာများမှာလည်း လက်ရာကောင်းပြီး ဆေးရုံတွင်လည်း တနေကုန် Duty ကျကာ ဘာမှမစားခဲ့သည်မို့
ဗိုက်ဆာနေပြီ ဖြစ်သောကြောင့် အစားအစာတွေအကုန် ၀မ်းဗိုက်အတွင်းသို့ သွတ်သွင်းကာ Jin အတွက်တော့ နတ်သုဒ္ဒာတွေ စားနေရသည့်အလား ပလုတ်ပလောင်းဖြင့် အသားကုန် တွယ်မိတော့သည် ။

Joon ဆိုသည်မှာလဲ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းမို့ သူ့ရှေ့တွင် အားနာနေစရာလဲမလို ။

"မိမိ စားနေတဲ့ပုံလေးကကို ချစ်စရာကောင်းနေတာ" ဟုလဲ Joon ဆိုဖူးသည် မဟုတ်လား ။ထို့ကြောင့် အ၀အပြဲသာ စားမိတော့သည် ။

သို့ပေမဲ့ တပန်းကန်ပြီး တပန်းကန် စားရင်းဖြင့် Jin တစ်ယောက် အာရုံခံစားမိလာသည်မှာ သားငယ် Jungkook ၏ ခွေးလေးဖြစ်ဟန်တူသည့် အမွှေးပွပွ ဖြူဖြူ ၀၀ကစ်ကစ် လုံးလုံးလေးဖြစ်သည့် ခွေးပေါက်လေးသည် မိမိစားပွဲဘေးတွင် ထိုင်ကာ တချိန်လုံး မိမိကို စိုက်ကြည့်နေလေသည် ဟူ၍ ။

BTS Make Me Smile [ Completed ]Onde histórias criam vida. Descubra agora