23. လွဲတဲ့အခါလဲ လွဲပေမပေါ့

3.3K 754 91
                                    

Main Cast ~ ✌ Jung Hoseok

တခါက တက်သစ်စ အဆိုတော်လေး
Hopie သည် ဖျော်ဖြေပွဲတခုက ကမ်းလှမ်းလာသောကြောင့် ၀မ်းသာစွာဖြင့် သွားရောက် ဖျော်ဖြေလေ၏။

တက်သစ်စမို့ နာမည်မကြီးသေးသောကြောင့် ပရိတ်သတ်ရဲ့ အားပေးမှုကို ရစေရန် မီးကုံယမ်းကုံ အော်ဟစ် သီဆိုရင်း အစွမ်းကုန် ကြိုးစားခဲ့လေ၏။

သူ့ရဲ့ဖျော်ဖြေမှုအပြီး စင်နောက်ဝယ် ခတ္တနားနေခိုက်မှာတော့ ကြိုးစားထားသမျှ အရာထင်သည်ဟုပဲ ဆိုရမလား ပရိတ်သတ်တယောက်က Hopie ကို တွေ့ခွင့်တောင်းနေသည်ဟု ဆိုလာလေတော့ အပျော်လုံးဆို့ကာ ၀မ်းသာအားရဖြင့် ထွက်တွေ့လေ၏ ။

ထိုအခါ သူ့ကို တွေ့ချင်သည့်သူမှာ အသက် ၃၀ ၀န်းကျင်ခန့်ရှိသည့် အမျိုးသမီး တယောက်ဖြစ်နေမှန်း သိရလေ၏ ။

Hopie ခဗျာ သူ့ Fan ဖြစ်ဟန်တူသည့် ထိုအမျိုးသမီးကို ပျော်ရွှင်စွာဖြင့် နှုတ်ဆက်လိုက်တော့ ထိုအမျိုးသမီးက

"ခုနက စတိတ်ရှိုးပေါ်မှာ အသံကုန်ဟစ်ပြီး ဟဲဗီးသီချင်း ဆိုသွားတဲ့ အဆိုတော် ဟုတ်ပါတယ်နော်" ဟု မေးလာ၏ ။

ထို့ကြောင့်

Hopie လဲ Sign ပဲထိုးပေးရတော့မလား အမာခံပရိတ်သတ်ပဲ ရပြီလား တွေးထင်ရင်း ၀မ်းသာစွာဖြင့်

"ဟုတ်ပါတယ် ကျွန်တော်က တက်သစ်စ ဟဲဗီး အဆိုတော် Hopie ပါ ခင်ဗျ" ဟု ဖြေလိုက်၏ ။

ထိုအချိန်တွင် အနှီအမျိုးသမီးက ၀မ်းပမ်းတသာဖြင့် ပြောလိုက်သည့် စကားကြားပြီးနောက် Hopie တစ်ယောက် သူ့အထင်နဲ့အမြင်လွဲသွားသည်မို့ ရယ်ပဲပြရမလား ငိုပဲပြရမလား ဖြစ်သွားလေတော့၏ ။

အကြောင်းမှာ ထိုအမျိုးသမီး ပြောလာသည်က

"ဒါဆို တခုလောက် ကူညီပေးပါနော် ၊ စတိတ်ရှိုး ပွဲခင်းထဲမှာ အစ်မ အမျိုးသားနဲ့ လူချင်းကွဲသွားလို့ပါ၊ သူ့မှာ ဖုန်းလဲ ပါမလာဘူး၊

အဲဒါ ခုနက မောင်လေး အာခေါင်ခြစ်ပြီး အော်ဟစ်သီဆိုတဲ့ အသံမျိုး နဲ့ စင်ပေါ်ပြန်တက်ပြီး အစ်မ အမျိုးသားနာမည်ကို ခပ်ကျယ်ကျယ်လေး အော်ခေါ်ပေးပါလားဟင် ၊သူက နားနည်းနည်း လေး လို့ပါ "

BTS Make Me Smile [ Completed ]Tempat cerita menjadi hidup. Temukan sekarang