41. ကံဆိုးတာ ဘယ်​သူလဲ

2.7K 603 112
                                    

Main Cast ~

✌✌ Kim Namjoon & Bang Pa Pa

ညနေခင်းတစ်ခုတွင်တော့ Namjoon သည်
အရက်ဘားခန်းထဲတွင် ထိုင်နေပြီး သူ၏အရက်​ခွက်​ကို ​ကြောင်​​ငေးလျက်​ ကြည့်​​နေသည်​။

နာရီဝက်​ခန့်​ သူမလှုပ်​မယှက်​ ကြည့်​​နေပြီး​နောက်​ Bang Pa Pa ဟု ​ခေါ်​သော သူ့မိတ်​​ဆွေတစ်​​ယောက်​သည်​ သူ့​ဘေးသို့ ​လျှောက်​လာပြီး Namjoon၏ အရက်​ခွက်​ကို ​ကောက်​ယူ၍ အကုန်​​မော့​သောက်​ပစ်​လိုက်​​လေသည်​။

ထိုအခါဝယ်​ Namjoon သည်​ စတင်​၍ ငို​လေ​တော့သည်​။

Pa Pa လဲ ​ရုတ်​တရက်​မို့ ကြောင်​သွားကာ
"ငါမင်းကို ​နောက်​​ပြောင်​လိုက်​တာပါကွာ၊ မင်း အတွက်​ အရက်​တခွက်​ ပြန်​၀ယ်​​ပေးပါ့မယ်​ ၊ မငိုပါနဲ့ " ဟု ဆို​လေ၏ ။

"အို အဲ့ဒါ​ကြောင့်​ မဟုတ်​ပါဘူး" ငိုလျက်​ဖြင့်​ Joon က ​ပြော​လေသည်​။

"တကယ်​​တော့ ဒီလိုပါ " ဟု စကားစ၍
သူငို​ကြွေးရခြင်း အ​ကြောင်းကို ရင်​ဖွင့်​​လေ​တော့သည်​။

"ဒီ​နေ့က​တော့ ကျွန်​​တော့်​ဘ၀မှာ အဆိုးဆုံး​နေ့ပါပဲဗျာ"

"ပထမကျွန်​​တော်​ အအိပ်​လွန်​သွားပြီး
အလွန်​အ​ရေးကြီးတဲ့ အစည်းအ​ဝေးပွဲအတွက်​ ​နောက်​ကျသွားတယ်​၊ အဲ့မှာ ကျွန်​​တော့
သူ​ဌေးက ​ဒေါသဖြစ်​ပြီး ကျွန်​​တော့်​ကို အလုပ်​ဖြုတ်​ပစ်​လိုက်​​လေရဲ့"

"ကျွန်​​တော်​လဲ စိတ်​ညစ်​ညစ်​နဲ့ အ​ဆောက်​အဦး ထဲက ထွက်​ပြီး ကျွန်​​တော့်​ရဲ့ကားဆီကို လာ​တော့ ကျွန်​​တော့်​ရဲ့ကား မရှိ​တော့ဘူး ၊ အခိုးခံလိုက်​ရတယ်​၊ ရဲကိုတိုင်​​တော့လဲ ရဲက သူတို့ မတတ်​နိုင်​ဘူး၊ ဘာမှမလုပ်​နိုင်​ဘူးလို့ ပြောလွှတ်​လိုက်​တယ်​"

"ကျွန်​​တော်​လဲ စိတ်​ပျက်​လက်​ပျက်​နဲ့ ရဲဌာန
က​နေ ထွက်​လာတုန်း လက်​ထဲကိုင်​ထားတဲ့
I-Phone ကြီးက ဘယ်​က​နေ ဘယ်​လို ​ချော်​ထွက်​သွားတယ်​မသိ ၊ လွတ်​ကျပြီး အစိတ်​စိတ်​အမြွှာမြွှာ ကွဲသွားတယ်​"

"စိတ်​ရှုပ်​ရှုပ်​နဲ့ ​ဈေးကြီး​ပေးဝယ်​ထားရတဲ့ branded ​နေကာမျက်​မှန်​ကြီးကို ဆွဲချွတ်​လိုက်​တုန်း မျက်​မှန်​ကိုင်းက ကျွတ်​ကနဲ ကျိုးပဲ့ ပျက်​စီးသွားတယ်​"

BTS Make Me Smile [ Completed ]Dove le storie prendono vita. Scoprilo ora