79. တန်ရာတန်ကြေး

1.7K 375 12
                                    

Main Cast ~ Jung Hoseok & Bang Shihyuk

ကုမ္ပဏီ တခုတွင် ၀န်ထမ်းများ အားလုံးအသုံးပြုနေသော Main Frame Computer ကြီးမှာ ရပ်သွားလေ၏။

ဝန်ထမ်းများမှလည်း တတ်သလောက် မှတ်သလောက်နှင့် Computer ကို ပြုပြင်ကြသော်လည်း မည်သို့မှ လုပ်မရ ဖြစ်နေ၏။

သို့နှင့် နောက်ဆုံးတွင် အလွန်ကပ်စေးနဲ သည့် ကုမ္ပဏီ သူဌေးဖြစ်သူ Bang Shihyuk ထံတင်ပြပြီး ကျွမ်းကျင်သူ ပညာ ရှင်တဦးကို ခေါ်၍ ပြရလေသည်။

ထိုအခါ ကျွမ်းကျင်ပညာရှင်ဖြစ်သည့် Jung Hoseok သည် Computer ကိုစစ်ဆေးကြည့်ရှု့ ၏။

ပြီးနောက်.....တူသေးသေးလေး ကိုထုတ်ကာ Computer နေရာ အနှံအပြားကိုလိုက်ခေါက်ရာ.....
မိနစ်အနည်းငယ်အကြာသော် Computer ကြီးမှာ ပြန်ကောင်းသွား၏။

အားလုံးအဆင်ပြေကြောင်း အတည်ပြုကာ ကျွမ်းကျင်သူ ပညာရှင်ဖြစ်သူ Hoseok ပြန်သွားပြီးနောက်..... မကြာမီပင် သူဌေးဖြစ်သူ Bang Shihyuk ဆီသို့ ငွေတောင်းခံလွှာ ရောက်လာလေ၏။

Computer ပြင်ခ........ငွေသုံးသိန်းတောင်းထားခြင်းဖြစ်၏။

ထိုအခါ ငွေတောင်းခံလွှာကို ဖတ်ရသည့် ကုမ္ပဏီ သူဌေး Bang Shihyuk သည် Computer ပညာရှင် Hoseok နှင့် ချက်ချင်း သွားတွေ့ပြီး...................

"ဒီမှာ မောင်ရင် Computerပြင်ခ သုံးသိန်းဆိုတာ သိပ်များပါတယ်။ငါ မင်းလုပ်တာအကုန် ရပ်ကြည့်နေတာပါကွ။

ငါးမိနစ်လောက် တူကလေးနဲ့ ဟိုခေါက် ဒီခေါက် လုပ်ပြီး ဒီလောက်မယူသင့်ဖူး.....မင်းရဲ့ ငွေတောင်းခံလွှာကိုပြန်ပြင်ပေးပါ.."..

ဟုပြောပြီး ဒေါသတကြီးဖြင့် ထွက်သွားလေ၏။

ဤသို့ဖြင့်

နောက်တနေ့ တွင် ငွေတောင်းခံလွှာ အသစ် ရောက်လာလေရာ အောက်ပါအတိုင်း ဖြစ်လေသည်။

ကွန်ပြူတာကို တူနဲ့ ခေါက် ခ =၁၀၀၀ ( တစ်ထောင် )

တူနဲ့ ခေါက်ရမည့်နေရာကိုသိသည့်အတွက် ကုန်ကျမည့် ဥာဏ်ပူဇော်ခ =၂၉၉၀၀၀

( နှစ်သိန်း၉သောင်း၉ထောင်)

ထို့ကြောင့် စုစုပေါင်း ကျသင့်ငွေ =၃၀၀၀၀၀
( သုံးသိန်း)

BTS Make Me Smile [ Completed ]Where stories live. Discover now