109. ပရိယာယ်

1.4K 285 14
                                    

Main Cast ~ Min Yoongi & Park Jimin

Min Yoongi က အပြင်ကပြန်လာတဲ့ Park Jimin ကို နှစ်ကိုယ်ကြား တီးတိုးပြောလိုက်ပါတယ်...။

"အိမ်အပေါ်ထပ်မှာ ပရိဘောဂသမားတွေက ကိုယ်တို့ အရစ်ကျ ၀ယ်ထားတဲ့ စန္ဒယားလေးကို ပိုက်ဆံမပေးလို့ဆိုပြိး လာသိမ်းနေတယ်.. ခဏနေ အောက်ထပ်ကို သယ်လာတော့မယ်"

ထိုအခါ Jimin မှာ အထိတ်တလန့်ဖြင့်

"ဟာ.. ဟိုတလောက နောက်အရစ်အတွက် ပေးရမဲ့ ပိုက်ဆံဆိုပြီး ကျွန်တော် Yoongi ကို ပေးထားတယ်လေ.. အဲ့ဒီ ပိုက်ဆံကို မပေးဖြစ်ခဲ့ဘူးလား "

အဲ့တော့ Yoongi က အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ပြောလေသည်က

"သိပါတယ်...သူတို့အိမ်အောက်ထပ်ကို ရောက်တာနဲ့ ငါ ပိုက်ဆံကို ထုတ်ပေးမှာပါ.. ငါ့ဆီမှာ ပိုက်ဆံရှိပါတယ်...တမင်မပေးသေးတာ"

Yoongi စကားကြောင့် Jimin က အံ့သြသင့်နေစဉ်မှာပဲ Yoongi ထပ်ပြောလေသည်က

"တကယ်တော့ ငါက စန္ဒယားကို အိမ်အပေါ်ထပ်မှာထားတာထက်

ဧည့်ခန်းမှာ ထားတာက ပိုကောင်းမယ် ထင်လို့ သူတို့ လာသယ်မဲ့ အချိန်ထိ စောင့်နေတာပါ"

ဟူ၍...။

The End

အခမဲ့ ရွှေ့ခိုင်းတာနော် အချေတို့ ဥာဏ်များချက်က ခွီး .. ပရိဘောဂသမားတွေ အောက်ထပ်အထိ သယ်ပေတော့ပဲ 😂😂😂😂😂😂

 ပရိဘောဂသမားတွေ အောက်ထပ်အထိ သယ်ပေတော့ပဲ 😂😂😂😂😂😂

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.
BTS Make Me Smile [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ