MainCast ~
✌✌ Jung Hoseok & Jeon Jung Kook
တခါက Jhope ဆိုသော လူငယ်လေးသည် အလွန်အငြင်းသန်လေ၏ ။ သူမှားနေသော်လည်း သူအမှန်ဖြစ်အောင် ငြင်းနိုင်စွမ်း ရှိလေသည်။
တစ်နေ့တွင်တော့ လမ်းမှာတွေ့လေသော ကောင်လေးတစ်ယောက်ကို မတွေ့တ်ာကြာပြီဖြစ်သော သူ၏သူငယ်ချင်း TaeHyung ဟု ထင်ကာ နှုတ်ဆက်လိုက်လေသည်။
"ဟေ့ရောင် မင်းက အသားတွေပိုဖြူလာတာပဲ"
"ဗျာ" တဖက်လူမှာ တအံ့တသြဖြစ်သွားရှာ၏။
"ဗျာ မနေနဲ့ ဆံပင်ကလဲ အတိုညှပ်ထားတော့ ငါဖြင့် ရုတ်တရက် မှတ်တောင်မမှတ်မိဘူး ၊ မင်းအရင် ကုလားမင်းသားလိုလို ဘာလိုလိုနဲ့ ဆံပင်အောက်ဖျားရှည်ကိုမှ
ကော့ကော့လန်လန် ကေလ် လုပ်ထားတာလေ ""အယ် ခုမှ သတိထားမိတယ် ၊ မင်းနှာခေါင်း ဘာလို့ ပွပြီး လုံးပြီး နဲနဲကြီးလာတာလဲ"
"မပွပါပူး" တဖက်လူကလဲ ပြန်ပြော၏။
"ပွပါတယ် ၊ အရင်က မင်းနှာခေါင်းက အတော်ချွန်တာပါ၊ ဟုတ်ပြီ မင်းမှာ အရင်နဲ့ မတူတာတွေ ခုမှ သတိထားမိလာတယ်၊ မင်း ရှေ့သွားလဲ ယုန်သွားလေး ဖြစ်လာတယ်နော်"
"ဒီမှာဗျ ၊ ခင်ဗျား ရှေ့ဆက်မပြောရင် ကောင်းလိမ့်မယ်" တဖက်ကောင်လေးလဲ ငြိမ်မနေတော့ ။
"မင်းကွာ သူငယ်ချင်းချင်းမို့ ပြောတဲ့ဟာကို
မင်းက လေသံရော ဆက်ဆံတဲ့ပုံစံရော ငါ့အပေါ်ပြောင်းသွားတာကိုး""ခင်ဗျား ဘာတွေလျှောက်ပြောနေတာလဲ ခင်ဗျား သူငယ်ချင်းမဟုတ်ပါဘူးဆို " ထိုကောင်လေးလဲ ငြင်းဆန်လေ၏ ။
"ဟုတ်ပါတယ်ကွာ"
"မဟုတ်ပါဘူးဆို"
ပြိုင်တူ ငြင်းကြလေ၏ ။
ကြာတော့ ထိုကောင်လေးလဲ မောလာပြီး
"နေပါဦး ခင်ဗျားက ကျုပ်ကို ဘယ်သူမှတ်နေလို့လဲ" မေးလိုက်၏ ။
ထိုအခါ Jhope က
"မင်း TaeHyung လေ ၊ ဟုတ်တယ်မလား မင်းပုံစံများ ခွေးချီသွားတောင် မှတ်မိပါရဲ့"
လွဲနေတာ သေချာသွားပြီမို့ ထိုကောင်လေးမှာ ၀မ်းသာအားရဖြင့်
![](https://img.wattpad.com/cover/145667010-288-k310079.jpg)
YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။