48. ကော်တရာဦးကပ်စေး

2.2K 607 103
                                    

Main Cast ~~ Bang Shihyuk & BTS

တခါက Bang Shihyuk ဆိုတဲ့ လူတစ်ယောက်ဟာ သူ့မိတ်ဆွေနဲ့ အတူ ဆိုင်တစ်ဆိုင်မှာ စားသောက်ရင်း စကားလက်ဆုံကြနေမိရာမှ သူ့သား၇ ယောက် အသုံးအစွဲကြီးပုံကို ဖောက်သည်ချလေတော့တယ်။

"မလွယ်ပါဘူးဗျာ...သား ၇ ယောက်နဲ့တော့..."

အကြီးဆုံးကလဲ အကြီးဆုံးအလျောက် အငယ်ကလဲ အငယ်အလျောက် တယောက်တမျိုးမရိုးရဘူး။

Bang Namjoon ဆိုတဲ့ သားက သားအကြီးဆုံးမို့ ချွေချွေတာတာလေး သုံးတတ်စွဲတတ်မလား မှတ်တယ် တနေ့တနေ့

ဓာတ်ဝင်နေတဲ့ သူ့လက်ကြောင့် ဖျက်စီးပစ်မိတဲ့ ပစ္စည်းတွေ အစားပြန်ပြန်ဝယ်နေရတာနဲ့ ကုန်သလားမမေးနဲ့.... အဲ့တော့ အဖေဖြစ်သူ ကျုပ်ဆီကပဲ ပိုက်ဆံတောင်းသလားလဲ မမေးနဲ့ ကိုယ့်လူ။

မနေ့ကတင် သူလက်ကလွတ် ဗျွတ်ဆိုပြီး ချခွဲလိုက်မိတဲ့ ဖုန်း ပြန်ဝယ်ဖို့ဆိုပီး ၀မ် ၃ သိန်းလာတောင်းလေရဲ့။

ဟော သူ့အောက်က သား Bang Seok Jin ကလဲ ဘာထူး ။ လည်လိုက်ပတ်လိုက် စားလိုက်သောက်လိုက်နဲ့ ပါးစပ်နဲ့ အစားပြတ်တယ်မရှိ။ အဲ့တော့ တခုခုမစားလိုက်နဲ့ ကျုပ်ဆီကပဲ အော်တို လက်ဖြန့်တောင်းပြီးသား။

သား နောက်တယောက်ဖြစ်တဲ့ Bang Yoongi ကတော့ အားနေ အိပ်နေတာမို့ အသုံးအဖြုန်း နည်းမယ်လို့ မထင်လိုက်နဲ့ ကိုယ့်လူ။ သုံးပြီဟေ့ ၀ယ်ပီဟေ့ဆို ပစ္စည်းအကောင်းစားမှ နာရီဆိုလဲ Rolex မှ... နဂိုထဲက ခပ်ချေချေပီပီ သူ့ကိုယ်ပေါ်ကို အကောင်းစားမှ အတင်ခံတဲ့ အမျိုး။ အဲ့တော့ သူသုံးဖို့အတွက် ပိုက်ဆံက ကျုပ်ဆီကပဲ တောင်းရှာပြီပေါ့လေ။

ဟော Bang Hoseok ဆိုတဲ့ သားကရော အဲ့လိုပဲ။ အားနေ ဒွန့်။ ကလပ်တက်လိုက် မြင်းစီးကွင်းပြေးလိုက်နဲ့ အဲဗား လမ်းသလား။ အဲ့လို လမ်းသလားဖို့အတွက် ကျုပ်ဆီကပဲ အတင်းကာရော တောင်းပြန်ပီပေါ့ဗျာ။

နောက်သားတစ်ယောက် Bang Jimin ကလဲ ပဲဘုရင်။ သူ့အတွက် ကုန်ကျတဲ့ အလှအပပစ္စည်းစရိတ်က မနည်း။ ဒါတွေအကုန်ရှင်းဖို့ ငွေက ကျုပ်ဆီပဲတောင်းနေကြ။

Bang Tae Hyung ဆိုတဲ့ သားက အ၀တ်အစားတလိုင်း ။ အချိန်ပြည့် ဂူချီလား ပူစီလား အာ့ပဲ ၀ယ်နေလို့ မနည်းတားထားရတယ်..။ ငွေကလဲ အချိန်ပြည့် ကျုပ်ဆီကပဲ တောင်းနေတော့တာ။

BTS Make Me Smile [ Completed ]Tahanan ng mga kuwento. Tumuklas ngayon