12. အမေလို့ ခေါ်စမ်းပါ သားရယ်

4.3K 978 110
                                    

Main Cast - ✌Jung Hoseok

တစ်နေ့၌ Jhope တစ်ယောက် ကုန်တိုက်တစ်ခုထဲတွင် ပစ္စည်းများဝယ်နေရင်း အသက်ကြီးသော အမျိုးသမီးတစ်ဦးက သူ့နောက်မှ ဆက်တိုက်ကပ်လိုက်ကာ ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း ခပ်တည်တည်နှင့်သာ ဘာမှမစဉ်းစားဘဲ သူမကို လစ်လျူရှုလျက်ဖြင့် ဈေးဝယ်မိသည်။

နောက်ဆုံး၌ ငွေရှင်းကောင်တာဆီသို့ Jhope သွားသောအခါတွင်မူ ထိုအမျိုးသမီးက သူ့ရှေ့မှ ကျော်တက်ပြီး

"မင်းကို စိုက်ကြည့်နေမိတဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်သွားစေမိရင် အန်တီတောင်းပန်ပါတယ် ။ မင်းက သေသွားပြီဖြစ်တဲ့ အန်တီသားနဲ့ ရုပ်ချင်းဆင်နေလို့ပါ" ဟု ၀မ်းနည်းစွာ ငိုကြွေးရင်း ပြောလာလေသည်။

ထိုစကားကြားမိချိန်တွင်တော့

"ဒါကတော့ စိတ်မကောင်းစရာပါပဲဗျာ ၊ အန်တီ စိတ်သက်သာရရအောင် ကျွန်တော် ဘာကူညီပေးရမလဲ " ဟု Jhope က စိတ်ထားကောင်းသူ ပီပီ မေးလိုက်မိသည်။

အဲ့ဒီတော့ ထိုအမျိုးသမီးက မျက်ရည်တွေကြားက ၀မ်းသာအားရနဲ့ ချက်ချင်း ပြန်ပြောလာလေသည်က

"အန်တီ ဒီက ထွက်သွားရင် သွားတော့အမေရေ လို့ မင်းပြောပေးနိုင်မလား ၊ အဲ့လိုမျိုး အန်တီအကြားချင်ဆုံးဖြစ်တဲ့ "အမေ" လို့ ခေါ်သံလေးကို သားက ခေါ်ပေးရင် အန်တီ ရင်ထဲမှာ ၀မ်းသာမိမှာပဲ"

ဟုဆိုလာလေသည်။

ထို့ကြောင့် Jhope လဲ "ရပါတယ်" ဟုသာ ခေါင်းငြိမ့်လိုက်မိသည်။

သို့နှင့် အမျိုးသမီးကြီးထွက်ခွာသွားသောအခါ သူက "သွားတော့ အမေရေ" ဟု လှမ်းပြောပေးရင်း သူ့အပြုအမူအတွက် ကြည်နူးစွာဖြင့် ပြုံးနေမိလိုက်သည်။

ထို့နောက် ငွေရှင်းကောင်တာဆီသို့ Jhope ရောက်သွားပြီး ငွေရှင်းသောအခါ သူပေးရမည့်ငွေမှာ သူတွက်ဆထားသည်ထက် သုံးဆလောက်ပိုနေသည်ကို တွေ့ရလေသည်။

ထို့ကြောင့်

"ကျွန်တော်ဝယ်တဲ့ ပစ္စည်းက နည်းနည်းလေးရယ်၊ ဒါဘယ်လိုဖြစ်ရတာလဲ" ဟု အံ့သြသင့်စွာ မေးလိုက်မိသည်။

BTS Make Me Smile [ Completed ]Where stories live. Discover now