43. မုန့်​စားချင်​တယ်

2.6K 592 86
                                    

Main Cast ~

✌ Kim Tae Hyung & Jeon Jung Kook

တ​နေ့မှာ​တော့ ငါးနှစ်​သားအရွယ်​​လေး​တွေဖြစ်​တဲ့ Kim Tae Hyung နဲ့ Jeon Jung Kook ဆိုတဲ့ က​လေး​လေးနှစ်​​ယောက်​ဟာ သူတို့ရဲ့ မိခင်​​တွေနဲ့အတူ ​Shopping ထွက်​​နေကြသတဲ့။

Taekook နှစ်​​ယောက်​ကလဲ အရမ်းချစ်​တဲ့သူငယ်​ချင်း​တွေဖြစ်​သလို မိခင်​နှစ်​​ယောက်​လုံးကလဲ ငယ်​သူငယ်​ချင်း​တွေမို့ ​လေး​ယောက်​သား လက်​ချင်း ချိတ်​လျက်​ ​ပျော်​ပါးစွာ သွားလာ​နေတဲ့ မြင်​ကွင်း​လေးဟာ အရမ်းလှပ​နေ​လေ၏။

ယခုကဲ့သို့ ဒုံးဒယ်​မွန်း ​ဈေးအတွင်း ​ဈေးဝယ်​ထွက်​ရင်း တ​နေရာအ​ရောက်​မှာ​တော့ ဗန်းလိုက်
ခင်းကျင်းထားတဲ့ သ​ရေစာမုန့်​​တွေ အပါအဝင်​ ကုန်​စုံရောင်းတဲ့ ​ဆိုင်​ရှေ့ကို ​ရောက်​သွားတယ်​ ။

အဲ့အချိန်​ Tae နဲ့ Kookie က​လေးနှစ်​​ယောက်​ဟာ​ လက်​ချင်းချိတ်​လျက်​ မုန့်​ဗန်း​ရှေ့မှာ သွားရပ်​​နေကြ​လေ၏ ။

သူတို့နှစ်​​ယောက်​ရဲ့ အ​မေ​တွေက​တော့ ထိုဆိုင်​အတွင်းက တခြားပစ္စည်း​တွေ ဝယ်​​နေတာနဲ့
က​လေးနှစ်​​ယောက်​ကို သတိမထားမိဘူး​ပေါ့ ။

Tae နဲ့ Kookie ကလဲ မုန့်​ဗန်း​ရှေ့က လုံးဝမခွာဘဲ မုန့်​​ချိုလုံး​လေး​တွေကိုသာ မျက်​တောင်​တချက်​မခတ်​ဘဲ စိုက်​ကြည့်​​နေကြတယ်​။

အဲ့ဒါကို ​ဆိုင်​ရှင်​ ဈေးသည်​ အ​ဒေါ်ကြီးက သတိထားမိသွားတယ်​။

ဒါ့​ကြောင့်​ သ​ဘော​ကောင်းပြီး က​လေးချစ်​တတ်​တဲ့ ​ဈေးသည်​အ​ဒေါ်ကြီးက

"က​လေးတို့ မုန့်​စားချင်​ နှိုက်​ယူ​လိုက်​​လေ" လို့ ယူစားခွင့်​ပြုလိုက်​တယ်​။

ဒါ​ပေမဲ့ Tae ​ရော Kookie ​ရော နှစ်​​ယောက်​လုံးက မုန့်​ကို လုံးဝ နှိုက်​မယူဘဲ
သူတို့အ​မေ​တွေ ဟိုဝယ်​ဒီဝယ်​ အလုပ်​ရှုပ်​​နေတဲ့ အချိန်​တ​လျှောက်​လုံး မုန့်​ဗန်းကိုသာ စိုက်ကြည့်​​နေကြ​လေ၏။

ကြာလာ​တော့ ​ဆိုင်​ပိုင်​ရှင်​ အန်​တီကြီးလဲ ကြည့်​မ​နေရက်​​တော့ဘဲ "ကဲ ​ရော့​ရော့ Arjuma ယူ​ပေးမယ်​" ဆိုပြီး မုန့်​ချိုလုံး​လေး​တွေကို လက်​တဆုပ်​စီ နှိုက်​လို့ Tae နဲ့ Kookie ကို ​ပေးလိုက်​ရှာတယ်​။

BTS Make Me Smile [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin