87. အလွဲကောင်း

1.5K 333 31
                                    

Main Cast ~ Jeon Jung Kook & Kim Seok Jin

တနေ့မှာတော့ လေယာဉ်မောင်းသမားတစ်ယောက်နဲ့ ခရီးသည်လေးယောက် လေယာဉ်တစ်စီးနဲ့ ခရီးထွက်ခဲ့ကြတယ်။

ခရီးသည်လေးယောက်က ဘယ်သူတွေလဲဆိုတော့ နိုင်ငံခေါင်းဆောင် အကြီးအကဲတစ်ယောက်၊ တက္ကသိုလ်က ပါမောက္ခတစ်ယောက် ၊ Kim Seok Jin ဆိုတဲ့ နာမည်ကြီး မင်းသားတစ်ယောက် နှင့် Jeon Jung Kook ဆိုတဲ့ အထက်တန်း ကျောင်းသားလေးတစ်ယောက် တို့ဖြစ်လေတယ်။

ဒါပေမဲ့ လေယာဉ်ပျံသန်းချိန် မိနစ်နှစ်ဆယ်ခန့်မှာပဲ ရုတ်တရက် လေယာဉ်က စက်ချို့ယွင်းသွားပါတယ်။

အဲဒီအခါမှာတော့...
လေယာဉ်မှူး။ ။ ၀မ်းနည်းပါတယ်ဗျာ။ ကျွန်တော်တို့ ငါးယောက်အတွက် လေးထီးက လေးခုပဲရှိတယ်။ ပြောရင်းဆိုရင်းပဲ လေယာဉ်မှူးက လေးထီးတစ်ခုကိုယူပြီး အလျှင်အမြန်ခုန်ထွက်သွားပါတယ်။

နိုင်ငံခေါင်းဆောင် အကြီးအကဲ။ ။ ကျုပ်က နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးဆုံးလူသားဗျ။ ကျုပ်အသက်ရှင်မှ ဖြစ်မယ်... ဒီတော့ ကျန်တဲ့ လေထီးထဲက တစ်ခုကိုယူပြီး ခုန်ဆင်းမယ်ဗျာ။

ပါမောက္ခ။ ။ ကျုပ်က ဥာဏ်ထက်မြက်ပြီး အတွေးအခေါ်ကောင်းဆုံဲး။ ကျုပ်အသက်ရှင်မှကိုဖြစ်မှာ။ ကဲ လေထီးတစ်ခုကို ယူပြီးဆင်းပြီဗျို့။

အဲ့လိုနဲ့ ဆင်းသွားကြတာ မင်းသားဖြစ်တဲ့ Kim Seok Jin နဲ့ ကျောင်းသားလေးဖြစ်တဲ့ Jeon Jung kook တို့ပဲ ကျန်နေသလို လေးထီးကလဲ တစ်ခုပဲကျန်ပါတော့တယ်... ။

အဲဒီအခါ...

Seok Jin ။ ။ ကဲ မောင်ကျောင်းသားလေး.. မင်းက အနာဂတ်ရဲ့ လူငယ်လေးပဲ.. ကိုယ့်ထက် ငယ်တဲ့သူကို ညှာတာ သနား ဦးစားပေးပါ့မယ်ကွာ... အဲ့တော့... ဒီကျန်တဲ့တစ်ခုကို ယူပြီး မင်းခုန်ဆင်းပေတော့။

ဟု အနစ်နာခံကာ ချိုသာစွာဖြင့် ဆိုလာလေသည်..။

ထိုအခါ Jung kook က အားတက်သရောဖြင့်
"စိတ်မပူပါနဲ့ Hyung ကျွန်တော့ဆီမှာ လေထီးနှစ်ခု ကျန်နေသေးတယ်" ဟု ပြောလာလေသည်...။

Seok Jin ။ ။ အမ်... လေယာဉ်မှူးက ငါတို့ငါးယောက်အတွက် လေထီးလေးခုပဲပါတာလို့ ပြောတာ ငါကြားလိုက်တာပဲဟာကို...မဖြစ်နိုင်တာ...။

BTS Make Me Smile [ Completed ]Onde histórias criam vida. Descubra agora