33. မကိုက်တတ်ပါဘူးဆို

2.9K 709 76
                                    

Main Cast ~

✌✌ Min Yoongi & Kim Tae Hyung

တညနေတွင် Min Yoongi ဆိုသည့် ခပ်ချေချေသာ နေတတ်သည့် လူငယ်လေးတစ်ယောက်သည် စားသောက်ဆိုင်တခုအတွင်းသို့ ၀င်သွားလေရာ ဆိုင်အတွင်း လူကျနေချိန်နဲ့ တိုးပြီး ခပ်ချောချော ကောင်လေးတစ်ယောက်ထိုင်နေသော စားပွဲဝိုင်း တခုတွင် ထိုင်ခုံတစ်နေရာသာ လွတ်နေသည်ကို တွေ့လေ၏ ။

ထို့ကြောင့် Yoongi လဲ ထိုနေရာသို့သာ သွားကာ ထိုင်ရန် ပြင်လိုက်သည်။

သို့သော် ထိုစားပွဲဝိုင်းခြေရင်း၌ အနှီကောင်ချောလေး၏ ခွေးဖြစ်ဟန်တူသော ခွေးလေးတစ်ကောင် ရှိနေလေ၏ ။

ထို့ကြောင့် Yoongi လဲ သေချာမှု ရှိစေရန် ထိုကောင်လေးကို ဤသို့ မေးလိုက်လေသည်။

" မင်းခွေးက ကိုက်တတ်လား"

ထိုအချိန်တွင် ထိုကောင်လေး ပြန်ဖြေသည်မှာ

"မကိုက်တတ်ပါဘူး" ဟု တခွန်းတည်းသာ ။

ထို့ကြောင့် Yoongi လဲ စိတ်ချလက်ချဖြင့်သာ ထိုင်လိုက်သည်။

သို့သော် ခဏအကြာတွင် Yoongi ၏ ခြေထောက်ကို ခွေးက လှမ်းဟပ်ကာ တအားကိုက်ခဲလိုက်လေ၏ ။

Yoongi လဲ "အားးးး" ဟု ကျယ်လောင်စွာ အော်ဟစ်ရင်း ခွေးကို ကန်ထုတ်လိုက်ပြီးနောက်

"Yah .. မင်း ပြောတော့ မင်းခွေးက မကိုက်ဘူးဆို"

ထိုကောင်လေးကို မကျေနပ်စွာဖြင့် ပြောလိုက်သည်။

ထိုအခါ ထိုကောင်လေးပြန်ပြောသည့် စကားကြားပြီး ဖြူဖွေးသော Yoongi မျက်နှာလေးခဗျာ ပြာဟောက်သွား ချေလေတော့၏ ။

ထိုကောင်လေးပြောသည်က

"Tae ရဲ့ ခွေး Yeontan က တကယ်မကိုက်တတ်ပါဘူး
ဒါပေမဲ့ Yeontan လေးက အခု အိမ်မှာလေ
အဲ့ဒါက ကျွန်တော့် ခွေး မဟုတ်ဘူး " ဟူ၍ ။

THE END

ဖြစ်ရမယ် အချေရယ် ရှေ့အပိုင်းတုန်းက အစမ်းသပ်ခံလေး Jin ကို ချေခဲ့လေသမျှ

ခုတော့

😂😂😂😂😂😂😂😂😂😂
________________________

Double Update ဟု ခေါ်သည် ခ်ခ် 😍😍💓

BTS Make Me Smile [ Completed ]Where stories live. Discover now