Main Cast ~ Kim Namjoon & Park Jimin
ငါးတန်းကျောင်းသူ၊ ကျောင်းသားတွေကို ဓာတုဗေဒဘာသာရပ် သင်ကြားပေးတဲ့ ဆရာ
Kim NamJoon ဟာ အရက်ရဲ့ ဆိုးရွားလှပုံကို သင်ခန်းစာတစ်ခုအဖြစ် ကလေးတွေကို သင်ကြားပေးချင်
နေပါတယ်။ဒါကြောင့်မို့ ရေတစ်ခွက်၊ ၀ီစကီတစ်ခွက်နဲ့ တီကောင်နှစ်ကောင် ပါဝင်တဲ့ စမ်းသပ်ချက်တစ်ခုကို
ဖန်တီးလိုက်တယ်။ထို့နောက် စာသင်ခန်းအတွင်းရောက်တဲ့အချိန်မှာတော့
"ကလေးတို့ရေ .. တီကောင်နှစ်ကောင်ကို အခုကြည့်လိုက်စမ်း"လို့ တီကောင် တစ်ကောင်ကို
ရေခွက်ထဲထည့်လိုက်စဉ်မှာ ဆရာNamjoon က ပြောလိုက်ပါတယ်။ရေထဲရောက်သွားတဲ့ တီကောင်ဟာ ထွန့်ထွန့်လူးသွားပေမယ့် ရေထဲမှာ အဆင်ပြေနေပါတယ်။
ကလေးအားလုံးက စိတ်ဝင်တစားကြည့်နေကြလေတယ်။ ထိုကလေးတွေထဲမှာတော့ အရာရာစပ်စုလွန်းအားကြီးတဲ့ Park Jimin ဆိုတဲ့ ကလေးလဲ ပါဝင်နေခဲ့တာပေါ့။
အဲ့အချိန်မှာ Namjoon ဟာ နောက်တီကောင်ကို ၀ီစကီခွက်ထဲ ထည့်လိုက်ပါတယ်။ တီကောင်ဟာ ကွေးလိမ်
သွားပြီး နာကျင်ဟန်နဲ့ ထွန့်ထွန့်လူးသွားပါတယ်။နောက်တော့ ခဏအတွင်းမှာပဲ အောက်ခြေကို နစ်မြှုပ်သွားပြီး သေသွားပါတော့တယ်။
ထိုအခိုက် ဆရာ Namjoonဟာ သူ့ပေးချင်တဲ့ အသိပညာ ကို ကလေးတွေ ရလောက်ပြီအထင်နဲ့ လှလှပပကြီးပြုံးပြီး
"ကဲ..... အခု .. ဒီစမ်းသပ်ချက်ကနေ ငါတို့တွေ ဘာတွေသင်ယူလိုက်ရသလဲ"လို့ ကလေးတွေကို မေးလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ
စိတ်ဝင်တစားကြည့်နေခဲ့တဲ့ Jimin လေးက ချက်ချင်းလက်ထောင်လိုက်ပြီး
သူ့ကိုယ်သူ ယုံကြည်မှုအပြည့်၊ ပညာရှိကြီးတစ်ယောက် ဟန်ပန်နဲ့ ကလေးတွေအားလုံးရဲ့ ကိုယ်စား ဖြေပေးလိုက်ပါတယ်။သူဖြေလိုက်တဲ့ စကားကြားပြီးနောက်တော့ ဆရာ Namjoon ဟာ စိတ်ပျက်လက်ပျက်နဲ့ သူ့နဖူးသူသာ အသာရိုက်ချလိုက်လေတော့တယ်။
အဘယ့်ကြောင့်ဆိုသော် Jimin လေး ပြောလိုက်သည်က
"ကျွန်တော်တို့ ၀ီစကီ သောက်ပေးရမှာ မဟုတ်လား ဆရာ။
DU LIEST GERADE
BTS Make Me Smile [ Completed ]
Kurzgeschichten"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။