118. ပြောရမည့် အကြောင်းအရာများ

1.3K 240 6
                                    

Main Cast ~ Min Yoongi & Jeon Jungkook

တစ်နေ့တွင် Min Yoongi သည် အောင်သွယ်တော် Company မှ ရှာဖွေပေးသော Jeon Jungkook ဆိုသည့် ကောင်လေးနှင့် အိမ်ထောင်ဖက် သွားတွေ့တော့မည်ပင် ဖြစ်သည်..။

ပထမဦးဆုံးအကြိမ် ချိန်းဆိုခြင်းဖြစ်သောကြောင့် ရိုးအေးပြီး စကားအပြောအဆိုမတတ်သော Yoongi မှာ သူ ဘာတွေ ပြောရမည်ဆိုတာကို စိုးရိမ်စိတ်ပူနေမိသည်..။ ထို့ကြောင့် အပြောကြွယ်သူမို့ ၀ိုင်းဝိုင်းလည်ကာ စွံလွန်းလှသော သူ့အကိုဖြစ်သူ Seok Jin ထံမှအကြံဥာဏ်တောင်းလေသည်...။

အမြဲတမ်းပြောနိုင်တဲ့ အကြောင်းအရာ ၃ ခုရှိတယ်... အဲဒါတွေကတော့ အစားအစာအကြောင်းရယ်.. မိသားစုအကြောင်းရယ်... အတွေးအခေါ်ဆိုင်ရာ အကြောင်းရယ်ပေါ့ ဟု Jin ဟု ပြောလေသည်..။

Yoongi လဲ Jin ပြောစကားကို မှတ်သားထားပြီးနောက် Jungkook နှင့်တွေ့ရန် ချိန်းဆိုထားသည့် အအေးဆိုင်သို့ သွားလေသည်...။

ထို့နောက် ချစ်စရာကောင်းသည့် Jungkook နှင့် ဆုံတွေ့လေတော့သည်...။

သို့သော် ဘာပြောရမှန်းမသိဘဲ အအေးခွက်တွေကို သူတို့၏ ရှေ့မှာချထားလျက်ဖြင့် တစ်ယောက်ကို တစ်ယောက် အချိန်ကြာရှည်စွာ စိုက်ကြည့်နေမိသောအခါ Yoongi မှာ မနေတတ်မထိုင်တတ် ဖြစ်လာသည်..။

ထို့ကြောင့် သူ့အကို Jin ၏ အကြံပေးချက်ဖြစ်သည့် အစားအစာအကြောင်းပြောရန်ကို အမှတ်ရလိုက်ပြီး

"မင်း ရေခဲမုန့် ကြိုက်လား" ဟု Jungkook ကို မေးလိုက်လေသည်..။

"အင်း" ဟု Jungkook က ဖြေလေသည်..။

ထို့နောက် ဘာစကားမှ ဆက်မပြောကြတော့ဘဲ တိတ်ဆိတ်သွားကြပြန်သည်...။

မိနစ်အနည်းငယ်အကြာ မသက်မသာနေရပြီးနောက် Yoongi မှာ Jin ၏ အကြံပေးချက်ဖြစ်သည့် မိသားစုအကြောင်းအရာဘက်သို့ပြောရန် လုပ်လိုက်သည်..။

"မင်း မှာ အကို ရှိသလား" မေးလိုက်တော့

"ဟင့်အင်း" ဟု Jungkook က ဖြေသည်..။

နောက်တကြိမ် တိတ်ဆိတ်သွားပြန်သည်..။

ထို့နောက်တော့ Yoongi မှာ သူ့အကိုရဲ့ အကြံပေးချက်အတိုင်း အတွေးအခေါ်ဆိုင်ရာ ကိုပြောရန်စဉ်းစားပြီး Jungkook ကို မေးလိုက်တာကတော့ အောက်ပါအတိုင်း ဖြစ်လေတော့သည်...။

BTS Make Me Smile [ Completed ]Où les histoires vivent. Découvrez maintenant