6

4.4K 411 12
                                    

For Zawgyi

ထိုနေ့မှစပြီး စိုးခန့်ဆိုသော သူ၏ စီနီယာသည် အတန်းချိန်တစ်ချိန်ပြီးတိုင်း သူ၏အခန်းရှေ့လာသည်... သူသွားသမျှနောက်လိုက်သည်...

Library သွားလည်းပါသည် .. canteen ထိုင်လည်း လိုက်သည် .. ကျောင်းခိုးဆင်းရင်တောင် နောက်ကနေ ကပ်ပါသည်..

တဖြည်းဖြည်းနဲ့ သူတို့မေဂျာအပြင် .. တစ်ကျောင်းလုံးနီးပါး ထိုအကြောင်းအရာကို သိနေကြပြီ ..

သူနဲ့စီနီယာ ဘယ်အခြေအနေမှမရောက်သေးသည့်တိုင် တစ်ကျောင်းလုံး၏ ပါးစပ်ဖျားတွင် သူနဲ့စီနီယာဟာ လူတို့တွေးနိုင်သည့်အတွေးထက် ပိုနေကြပြီ ...

လူတွေက ဘာလိုအဲ့လောက်ထိတွေးနေကြတာလဲ သူမသိဘူး ... သိလည်းမသိချင်ဘူး .. သူလည်းမတွေးဘူး ..

အတွေးတွေက သိပ်မှောင်မိုက်နေရင်တောင် အဲ့ဒီလူတွေက အလင်းဝင်ဖို့ အခြေအနေမှာမရှိကြဘူး ..

ပြီးတော့ အတင်းတွေအဖျင်းတွေ ..

အတူတူသွားလာကြတယ်ဆိုပေမဲ့ သူက စီနီယာကိုလိုက်ခဲ့ပါ လာခဲ့ပါလို့ ခေါ်ခဲ့တာမဟုတ် ...

ဒီလိုပဲ အနောက်ကလိုက်တယ် .. သူစားရင်လိုက်စားတယ် သူသွားရင် လိုက်တယ် .. ဒါလေးပဲ .. အရမ်းအတင်းငြင်းလွန်းရင် ရုပ်ပေါက်မှာစိုးလို့ သူမသိလိုက်မသိဘာသာ နေနေမိတာနဲ့တင် ..

သူနဲ့စီနီယာက လူတွေရဲ့ ညစ်ညစ်မှောင်မှောင်အတွေးထဲ ဘာလို့ ဝင်သွားရတာလဲ ..

ပြီးတော့ အဲ့ဒီအတင်းအဖျင်းတွေက ဒီလိုလေးတွေ ငြိမ်နေတာမဟုတ်ဘူး ..

သူတို့ဆီ ကိုယ်တိုင်လာမေးကြသလို မထိခလုတ် ထိခလုတ် လာစကြတဲ့သူတွေရှိတယ် ..

နားလည်ပါတယ်ဆိုတဲ့ သူတွေတော့ရှိတယ် အနည်းစုပေါ့ ...

ဒါပေမဲ့ အဲ့ဒီနားလည်ပါတယ်ဆိုတဲ့ လူတွေကို အကြောက်ဆုံးပဲ ...

ဘာလို့လဲဆိုရင် သူတို့က အတွေးနိုင်ဆုံးလူသားတွေမို့ ...

လာပြောသမျှကို သူကဘာမှနားမထောင်နေဘူး .. ငြင်းနေရင် လူတွေက တကယ်ထင်ကုန်မှာကြောက်ရသေးတယ် ..

သိပ်ချစ်လို့ - သိပ်ချစ်လို့ ( Completed )Место, где живут истории. Откройте их для себя